Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ အရပ်သားသေဆုံးမှုများဟုဆို

AAသည် စစ်‌ကောင်စီတပ် ထွက်ပေါက်များအားလုံး ပိတ်ထားပြီး အမ်းမြို့မှ မကွေးတိုင်း မင်းဘူးမြို့သို့သွားသော အမ်း-ပဒါန်းလမ်းကိုလည်း အပြည့်အဝထိန်းချုပ်ထားသည်ဟု သတင်းရရှိသည်။

အမ်းမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ အရပ်သားသေဆုံးမှုများဟုဆို
အမ်းမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ အရပ်သားသေဆုံးမှုများဟုဆို

အိမ်သွင်/People’s Spring

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေရာ ယမန်နေ့တိုက်ခိုက်မှုအတွင်း အရပ်သား ၁၀ဦးသေဆုံးပြီး ၁၀ဦးကျော်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အမ်းမြို့ လေယာဉ်ကွင်းရပ်ကွက်နှင့် ရပ်ကွက်(၄) ကို ယမန်နေ့(အောက်တိုဘာလ၂၉ရက်) နေ့လည်နှင့် ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” နေ့ခင်းက ပစ်တာမှာ သုံးဦးမြေပြင်မှာတင် သေပြီး ၂၀လောက်ဒဏ်ရာရတယ်။ နောက်ထပ်လေးဦး ဆေးမကုရလို့ ထပ်သေတယ်။ ညနေ ၆နာရီလောက်က ထပ်ပစ်တာ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး ထပ်သေဆုံးတယ်။ ဒီနေ့ခင်း ဆက်ပစ်နေလို့ ပုန်းကျင်းထဲက မထွက်ဘဲနေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူများသည် အမ်းဆေးရုံ၌ ဆေးကုသနေသည်ဟု ဆိုသည်။သို့သော် လုံလောက်သော ဆေးကုသနိုင်ခြင်းမရှိဟု ဒေသခံအချို့ကပြောသည်။

အမ်းမြို့သိမ်းတိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အနီးအပြင် နေရာအများအပြား၌ တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။

AAသည် စစ်‌ကောင်စီတပ် ထွက်ပေါက်များအားလုံး ပိတ်ထားပြီး အမ်းမြို့မှ မကွေးတိုင်း မင်းဘူးမြို့သို့သွားသော အမ်း-ပဒါန်းလမ်းကိုလည်း အပြည့်အဝထိန်းချုပ်ထားသည်ဟု သတင်းရရှိသည်။

အမ်း – ပဒါန်းလမ်းပိုင်းအပြင် အမ်းမြို့မှ ထွက်ပေါက်ဖြစ်သော အမ်း-မအီကားလမ်း၊ အမ်း-တပ်တောင်လမ်း၊ အမ်း-စစ်တွေလမ်းတို့တွင်လည်း AAက နယ်မြေစိုးမိုးမှုယူထားပြီး ရခိုင်ပြည်နယ်အတွင်းရှိ အဆိုပါလမ်းပိုင်းသုံးခု၌ တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသအခြေစိုက် သတင်းဌာနအချို့က ရေးသားဖော်ပြထားသည်။

အရေးနိမ့်နေသော စစ်ကောင်စီတပ်သည် ရှုံးမဲမဲပြီး အရပ်သားပြည်သူလူထုကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းခြင်းကို ဆက်တိုက်ကျူးလွန်နေကြောင်း AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook