Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့‌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံး

သံတွဲမြို့အမှတ်(၈)ရက်ကွက်နှင့် အံတော် ရပ်ကွက်ကို နံနက်စော ၃နာရီခန့်တွင် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

(သံတွဲမြို့ကို စက်တင်ဘာ ၂၆ရက်က စစ်ကောင်စီဗုံးကြဲခံရပြီးနောက် အပျက်အစီးများအား တွေ့ရစဥ် ။ဓာတ်ပုံ - AA)
(သံတွဲမြို့ကို စက်တင်ဘာ ၂၆ရက်က စစ်ကောင်စီဗုံးကြဲခံရပြီးနောက် အပျက်အစီးများအား တွေ့ရစဥ် ။ဓာတ်ပုံ - AA)

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁၀ရက်) နံနက်အစောပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။

သံတွဲမြို့အမှတ်(၈)ရက်ကွက်နှင့် အံတော် ရပ်ကွက်ကို နံနက်စော ၃နာရီခန့်တွင် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

” အမှတ်(၈)ရပ်ကွက်က စက်ရုံကတစ်ရုံလုံး ပျက်စီးတယ်ဗျ။အံတော်နားကို ချတဲ့ဗုံးက စားသောက်ဆိုင်ထိတာ။ အဲ့မှာ နှစ်ဦးသေတာဗျ။ဒါအပြင် ဒီနေ့လည်း ဗုံးကြဲလေယာဉ်ဝဲနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူနှစ်ဦးစလုံးသည် သက်လတ်ပိုင်းအရွယ်အမျိုးသမီးဖြစ်သည်။ နောက်ထပ် လေကြောင်းအန္တရာယ်ကို စိုးရိမ်၍ နာရေးကို ယနေ့ ပြုလုပ်လိုက်ရကြောင်း သတင်းရရှိသည်။

သံတွဲမြို့ကို ပြီးခဲ့သည့် ဧပြီတွင် အာရက္ခတပ်တော်(AA)က တိုက်ခိုက်ပြီးနောက် ဇူလိုင်တွင် စစ်ကောင်စီစခန်းများအားလုံးကို သိမ်းယူခဲ့သည်။

နောက်ဆုံးကျန်ရှိနေသည့် မောင်ရွှေလေးရေတပ် စခန်းကိုလည်း စက်တင်ဘာ ၅ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း AAက စက်တင်ဘာ ၆ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် သံတွဲမြို့ဒေသခံများပြန်လည်နေထိုင်ခြင်းမရှိသေးဘဲ ယာယီ စစ်ဘေးရှောင်စခန်းများ၌ နေထိုင်ကြသည်။

စက်တင်ဘာ၂၆ ရက်ကလည်း စစ်ဘေးရှောင်များ ခိုလှုံနေသည့် သံတွဲမြို့နယ်ခန်းမနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်လုံးကြဲချရာ စစ်ဘေးရှောင် ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်။

AAသည် ရခိုင်ပြည်နယ်အတွင်း အမ်း၊ တောင်ကုတ်၊ဂွ၊ မောင်တောမြို့နယ်တို့မှ စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေသည်။ စစ်ရှုံးစစ်ကောင်စီသည် အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက် နေသည်ဟု AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook