Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၁၁ဦး ဒဏ်ရာရ၊ မွေးမြူရေးတိရိစ္ဆာန်ထောင်ချီ သေဆုံး

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၃၅)မိုင်ကွာဝေးသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကိုလည်း စစ်ကောင်စီက အင်္ဂါနေ့ နေ့လယ် ၂နာရီခွဲခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

(မကျည်းဘုတ်ကျေးရွာအနီး စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ပျက်စီးသွားသောအဆောက်အအုံတခုအား တွေ့ရစဥ်။ဓာတ်ပုံ - ကိုတိုက်ဂါး-မြောင်)
(မကျည်းဘုတ်ကျေးရွာအနီး စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ပျက်စီးသွားသောအဆောက်အအုံတခုအား တွေ့ရစဥ်။ဓာတ်ပုံ - ကိုတိုက်ဂါး-မြောင်)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ မကျည်းဘုတ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ပြည်သူ ၁၁ ဦး ဒဏ်ရာရပြီး မွေးမြူရေးတိရိစ္ဆာန်ထောင်ချီသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောင်မြို့နယ်၊ မကျည်းဘုတ်​ကျေးရွာအ​ရှေ့ဘက်ရှိ ​ကြက်ခြံကို ယမန်နေ့(နိုဝင်ဘာ ၁၂ရက်) နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်က တစ်ကြိမ်၊ နေ့လယ် နာရီ မိနစ် ၅၀ခန့်ကတစ်ကြိမ် စစ်ကောင်စီတပ်က ​လေ​ကြောင်းမှ ၂ ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ရတယ်။ တိုက်ပွဲမရှိပါဘူး။ ဒီတိုင်းလာပစ်သွားတာပါ။”ဟု မြောင်နယ်အခြေစိုက် CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဝက်ပေါက်များအပါအဝင် ၉၂ ကောင်၊ ကြက်အကောင်ရေ ၁၈၀၀ သေဆုံးခဲ့ပြီးကြက်ခြံတစ်ခြံ၊ ဝက်ခြံ ၃ ခြံ၊ စက်တဲတစ်တဲ ပျက်စီးကြောင်း ကိုနွေဦး(မြောင်)က ပြောသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကပြန်ရောက်အပြီးတွင် မိုးကုတ်မြို့နှင့် နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၂၀ဦးသေဆုံးပြီး ၂၄ဦး ဒဏ်ရာရရှိခဲ့သည်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံးပတ္တမြားများထွက်ရှိရာ မိုးကုတ်မြို့ကို စစ်ကောင်စီက တနင်္လာည သန်းခေါင်ယံအချိန်တွင် ဂျက်တာဖြင့် ဗုံး (၅)လုံးကြဲချတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ‌ဒေသခံပြည်သူ (၉)ဦး သေဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က အသိပေးထားသည်။

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၃၅)မိုင်ကွာဝေးသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကိုလည်း စစ်ကောင်စီက အင်္ဂါနေ့ နေ့လယ် ၂နာရီခွဲခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို ပေါင် ၅၀၀ဗုံးကြဲချတိုက်ခိုက်ရာ အရပ်သား ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် မကွေးတိုင်း ပွင့်ဖြူမြို့၊ ချင်းပြည်နယ်မင်းတပ်မြို့နှင့် ရခိုင်ပြည်နယ်အမ်းမြို့နယ်တို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook