Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်မှု လူအစုလိုက်၊အပြုံလိုက် သေဆုံး

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ မဟာမိတ်များနှင့်လက်တွဲဖော်ဆောင်ခဲ့ရာ တစ်နှစ်အတွင်း စစ်ကောင်စီတပ်စခန်းကြီး၊ငယ် ၁၅၀ကျော်နှင့် မြို့ ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

(ယနေ့ည လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အဘွားအိုရုပ်အလောင်းအနီး ငိုကြွေးနေသည့် အဘိုးအိုအား တွေ့ရစဉ်။ဓာတ်ပုံ - Mai A Naing/FB)
(ယနေ့ည လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အဘွားအိုရုပ်အလောင်းအနီး ငိုကြွေးနေသည့် အဘိုးအိုအား တွေ့ရစဉ်။ဓာတ်ပုံ - Mai A Naing/FB)

▪️သီလရှင်အချို့အပါအဝင် ပြည်သူ ၁၀ဦးထက်မနည်းသေဆုံး၊ ၂၀ထက်မနည်း ဒဏ်ရာရ

အိမ်သွင်/People’s Spring

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန်အမြဲတမ်းအသင့်ရှိကြောင်း ထုတ်ပြန်အပြီး ငါးရက်အကြာတွင် တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းမြောက်ရှိ ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၃၀ရက်)ညဦးပိုင်းတွင် လေကြောင်းတိုက်ခိုက်ရာ ဒေသခံ ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်။

ယနေ့ ညနေ ၆နာရီ ၄၀မိနစ်ခန့်တွင် ကျောက်မဲမြို့၊ ထုံးဘိုရပ်ကွက် အင်ကြင်းတောင်ပေါ်ရှိ သီလရှင်‌ကျောင်းတိုက်ပေါ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင် သီလရှင်အပါအဝင် အပါအဝင် ၁၀ဦးထက်မနည်း သေဆုံးပြီး ၂၀ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီသည် သီလရှင်‌ကျောင်းပေါ်ကို Y -12လေယာဉ်ဖြင့် ဗုံးကြဲခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ” သီလရှင်ကျောင်းပေါ်ကျ။ကျောင်းထိုင် သီလရှင်အပါအဝင်၁၀ဦးထက်မနည်းသေဆုံးပြီး၂၀ထက်မနည်း ဒဏ်ရာရ”ဟု ရှမ်းမြောက် စစ်ရေးသတင်းများ မြေပြင်ကွင်းဆင်းလိုက်ပါသတင်းယူနေသည့် ရွှေဖီ‌မြေသတင်းဌာနမှ မိုင်းအနိုင်က လူမှုကွန်ရက်တွင်ရေးသားထားသည်။

သေဆုံးသူများတွင် သီလရှင်ကလေးငယ်အချို့ပါဝင်ကြောင်းလည်းသိရပြီး အသေးစိတ်မသိရှိရသေးပေ။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ မဟာမိတ်များနှင့်လက်တွဲဖော်ဆောင်ခဲ့ရာ တစ်နှစ်အတွင်း စစ်ကောင်စီတပ်စခန်းကြီး၊ငယ် ၁၅၀ကျော်နှင့် မြို့ ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

TNLA သိမ်းပိုက်ထားသည့် မြို့များမှာ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ မန်တုံ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ မြို့များဖြစ်ပြီး စစ်ကောင်စီက အဆိုပါ မြို့ရွာများကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

စစ်ကောင်စီသည် TNLA သိမ်းပိုက်ထားသော နောင်ချိုနှင့် ကျောက်မဲမြို့တို့ကို လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေရာ ဒေသခံများ ထိခိုက်မှုများရှိခဲ့သည်။ ထို့ကြောင့် စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲတမ်းအဆင်သင့်ရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က နိုဝင်ဘာ ၂၅ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အသင့်ရှိကြောင်း စာထုတ်ပြန်ရခြင်းမှာ တအာင်းပြည်ဒေသအတွင်း နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီမြန်မာစစ်တပ်၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သည့်တိုက်ပွဲကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ဒေသင်္ခမိဘပြည်သူများ၏အကျိုးကို ငဲ့ညှာထောက်ထား၍ဖြစ်သကဲ့သို့ နယ်စပ်တည်ငြိမ်ရေးနှင့်တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ ဖြစ်သည်ဟု TNLAက အသိပေးထားသည်။

တရုတ်အစိုးရ၏ ဖိအားပေးမှုကိုကြုံနေရကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယခင်ကတည်းက ထုတ်ဖော်ပြောဆိုထားသည်။

ထို့အပြင် စစ်ဘေးဒဏ်အလူးအလဲခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အခွင့်အရေးကို ကိုင်စွဲထားကြောင်း TNLAက ထုတ်ပြန်ထားသည်။

သို့သော် သိမ်းပိုက်ရရှိထားသည့် မြို့နယ်၁၂မြို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားရန်TNLAစစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက နိုဝင်ဘာ ၉ရက်က ပြုလုပ်ခဲ့သည့် TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းရဲဘော်များအား တိုက်တွန်းပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook