Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ရာ သင်တန်းသားနှစ်ဦး သေဆုံး

စစ်ရေးအပါအဝင် အဘက်ဘက်မှ ရှုံးနိမ့်နေသောစစ်ကောင်စီသည် တော်လှန်ရေးအားကောင်းသောဒေသများအား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

(နဘဲမြစ်ရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးသတင်းစုံ)
(နဘဲမြစ်ရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးသတင်းစုံ)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီက ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ရာ သင်တန်းသား နှစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၂ ရက် ညနေ ၄နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်​ကျေးရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းတစ်ခုလုံး ပျက်စီးပြီး သင်တန်းသား နှစ်ဦး ပွဲချင်းပြီးသေဆုံးကြောင်း နွားထိုးကြီးသတင်းစုံတာဝန်ခံက ပြောသည်။

“သေဆုံးတဲ့ကျောင်းသား နှစ်ဦးက တစ်ဦးက ပြင်ဦးလွင်ဘက်က၊ နောက်တစ်ဦးက မြင်းမူဘက်ကလို့ သိရတယ်။ ကျောင်းသားတစ်ဦးကတော့ တင်ပါးဗုံးစစိုက်လို့ မန္တလေးမှာ အရေးပေါ်ဆေးကုနေရတယ်။”ဟု ၎င်းက ​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

နဘဲမြစ်ကျေးရွာသည် နွားထိုးကြီးမြို့၏ အရှေ့မြောက်ဘက်တွင်တည်ရှိပြီး လွန်ခဲ့သည့်နှစ်လ အောက်တိုဘာ ၃ ရက်ကလည်း လေကြောင်းတိုက်ခိုက်ခံရပြီး ရွာခံအမျိုးသားနှစ်ဦး သေဆုံးခဲ့သေးသည်။

စစ်ရေးအပါအဝင် အဘက်ဘက်မှ ရှုံးနိမ့်နေသောစစ်ကောင်စီသည် တော်လှန်ရေးအားကောင်းသောဒေသများအား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

နိုဝင်ဘာ ၃၀ ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သီလရှင် အပါအဝင် သေဆုံးသူ၁၀ ဦးထက်မနည် ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။