Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်အနောက်ဘက် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်အား RTCပူးပေါင်းတပ် တိုက်ခိုက်

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းအသုံးပြု ထိုးစစ်ဆင်လာ၍ တော်လှန်ရေး ပူးပေါင်းတပ်များသည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

(RTC စစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - RTC)
(RTC စစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - RTC)

ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဘက်ကမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားလာ၍ ဒီဇင်ဘာ ၅ရက်က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်ဝင်လျှပ်စီး(RTC)စစ်ကြောင်းမှ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်အီဗယ်က ပြောပြသည်။

ဒီဇင်ဘာ ၅ရက် နံနက် ၇နာရီခွဲကစ၍ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ရှိ ကျွန်းတောကုန်းကျေးရွာမှ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သည် နှောပင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာရာ တော်ဝင်လျှပ်စီးစစ်ကြောင်းက ကြိုတင်စောင့်ကြိုပစ်ခတ် တိုက်ခိုက်သည်ဟု ဆိုသည်။

” အနီးကပ်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ရန်သူအထိအခိုက်အကျအဆုံးအရမ်းများပြီး မနက် ၉နာရီခန့်မှာ စကစ တပ်သားတွေက သူတို့ရဲ့ထိခိုက်ထားတဲ့သူတွေကို ပြန်လည်ဆွဲယူပြီး ကျွန်းတောကုန်းကျေးရွာကို ပြန်ဆုတ်ခွာတယ်။ဆုတ်ခွာသွားပြီး နှောပင် ကျေးရွာဘက်ကို ၆၀မမ လက်နက်ကြီး၊ ၁၂၀မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်”ဟု ရဲဘော်အီဗယ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

တော်ဝင်လျှပ်စီး(RTC)စစ်ကြောင်းသည် ရေတာရှည်အခြေစိုက် တပ်ဖွဲ့တစ်ခုဖြစ်သည်။

အထက်ပါတိုက်ပွဲကို နေပြည်တော် PDF တပ်ရင်းများဖြစ်သည့် (၈၀၄)တပ်ရင်း၊ (၉၀၁)တပ်ရင်းများကလည်း စစ်ကူလာရောက်ဖြည့်တင်းခဲ့ပြီး ပုဝါနီစစ်ကြောင်းက လည်း စစ်တောင်းမြစ်အရှေ့ဘက်မှ အနောက်ဘက်ကမ်းသို့ လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု ဆိုသည်။

ထို့နောက်တိုက်ပွဲဖြစ်ပွားရာသို့ နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်ကျန်ခဲ့သည့် ကျည်များစွာ သိမ်းရခဲ့ကြောင်း ရဲဘော်အီဗယ်က ပြောပြသည်။

ရေတာရှည်နှင့် ဆွာမြို့ရှိ စစ်ကောင်စီတပ်များကစက်သေနတ်၊ တင်သံချပ်ကာကား ပါဝင်သည့် စစ်ကူစစ်ကြောင်းများကို ကျွန်းတောကုန်းကျေးရွာသို့ စစ်ကူပို့ အင်အားဖြည့်ပြီး ဒီဇင်ဘာ ၅ရက် နေ့လည် ၁၂နာရီကျော်တွင် ဒုတိယ အကြိမ် ထပ်မံစစ်ကြောင်းထိုးလာရာ တိုက်ပွဲ ၁နာရီခွဲကြာ ထပ်မံဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂၄ဦးခန့်သေဆုံးသည်ဟု သိရပြီး ၂၆ဦး ဒဏ်ရာရခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော် ၄ဦး ဒဏ်ရာရခဲ့ကြောင်း ရဲဘော်အီဗယ်က ပြောသည်။

စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုချက်မရပေ။

ထို့နောက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းအသုံးပြု ထိုးစစ်ဆင်လာ၍ တော်လှန်ရေး ပူးပေါင်းတပ်များသည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

အထိနာသည့် စစ်ကောင်စီတပ်က နှောပင်ကျေးရွာရှိ ပြည်သူများကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ပြီး စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူအချို့၏ နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု အသိပေးသည်။

တော်ဝင်လျှပ်စီးစစ်ကြောင်းက တိုက်ပွဲသတင်းထုတ်ပြန်ထားရာ စစ်ရေးအခြေအနေ တင်းမာဆဲဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့်နီးစပ်ရာသို့ နေထိုင်ခြင်းမပြုရန်၊ အသွားအလာမလုပ်ရန် ပန်ကြားထားသည်။

ရေတာရှည်မြို့နယ်အခြေစိုက် တော်ဝင်လျှပ်စီးစစ်ကြောင်းသည် နိုဝင်ဘာလကုန်ပိုင်းကလည်း ပျဉ်းမနားနှင့် ကရင်ပြည်နယ်အစပ်နေရာတွင် အခြားသောတော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲဖော်ဆောင်ခဲ့ဟု ရဲဘော်အီဗယ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။