Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားငါးဦး သေဆုံး

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းဟု ကနီမြို့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကနီမြို့နယ်၊ နတ်ကြီးရွာမှနေအိမ်အချို့ ၂၀၂၄ မတ်လက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကနီမြို့နယ်၊ နတ်ကြီးရွာမှနေအိမ်အချို့ ၂၀၂၄ မတ်လက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျောက်လှေကားနှင့်နတ်ကြီးကျေးရွာကို စစ်ကောင်စီက Y12လေယာဉ်ဖြင့် ဗုံး၁၈လုံးကြဲတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားငါးဦး သေဆုံးခဲ့သည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၆ရက်) ည ၇နာရီခန့်တွင် စစ်ကောင်စီက ဗုံး၁၈လုံးကြဲတိုက်ခိုက်သွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကျောက်လှေကားမှာ အရပ်သားတွေ ငါးဦးတောင်သေဆုံးပြီး ၁၀ဦးဒဏ်ရာရတယ်။ နတ်ကြီးကတော့ အိမ်တွေထိတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် အသက် ၁၁နှစ်နှင့် ၁၄နှစ်အရွယ်ကလေးနှစ်ဦးအပါအဝင် အရပ်သား ငါးဦးသေဆုံးခဲ့သည်။ထို့အပြင် ဒဏ်ရာရရှိသူများကိုလည်း ဆေးကုသနေရဆဲဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းဟု ကနီမြို့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၃ရက်ကလည်း ကနီမြို့နယ် မုဌောနှင့် နတ်ကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကနီမြို့တွင် ပြီးခဲ့သည့်မတ်လက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ တိုက်ခဲ့စဉ်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက်ပိုင်း စစ်ရေးအခြေအနေ ငြိမ်သက်နေသည်။

မတ်လ ၂ရက်မှ မတ်လ ၁၂ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်၍ ပြန်ဆုတ်ခွာခဲ့ရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းယူနိူင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲအတွင်း PDFရဲဘော် ၁၁ဦး ကျဆုံးခဲ့သည်။

စစ်ကောင်စီသည် ယနေ့တွင်လည်း ကနီမြို့ပေါ်၌ ကင်းထောက်လေယာဉ် ပျံဝဲနေသည်။ ထို့ကြောင့် လူစုလူဝေးမပြုလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

စာသင်ကျောင်းများလည်း ယာယီပိတ်ထားလိုက်ကြောင်း သတင်းရရှိသည်။

စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်မှုရပ်တန့်ရေး စစ်ကောင်စီကို အရေးယူပေးရန် အညာတော်လှန်ရေးအင်အားစု လူထုသပိတ်များက အဆက်မပြတ်တောင်းဆိုနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook