Connect with us

Hi, what are you looking for?

သတင်း

ဆင်စခန်းစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်မှု (၁)နှစ်ကျော်အရွယ်ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

စစ်ကောင်စီတပ်၏ အရပ်သားပြည်သူ စစ်ဘေးရှောင်များအပေါ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရက်စက်မှုနှင့် စစ်ရာဇဝတ်မှုများဟုလည်း ၎င်းက အသိပေးသည်။

(လွိုင်ကော်မြို့ဆင်စခန်းစစ်ရှောင်အား စစ် ကောင်စီ ဗုံးကြဲတိုက်ခိုက်သည့် ဗုံးဒလက် အပိုင်အစအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(လွိုင်ကော်မြို့ဆင်စခန်းစစ်ရှောင်အား စစ် ကောင်စီ ဗုံးကြဲတိုက်ခိုက်သည့် ဗုံးဒလက် အပိုင်အစအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

ရဲခေါင်/People’s Spring

လွိုင်ကော်မြို့အရှေ့ခြမ်းရှိ စစ်ရှောင်စခန်းဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရ(၁)နှစ်ကျော်အရွယ်ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း စစ်ရှောင်အရေးကူညီနေသူအချို့ကပြောသည်။

ဒီဇင်ဘာ ၃၁ရက် ညနေ ၄ နာရီခန့်တွင် ဆင်စခန်း စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးသုံးကြိမ်ကြဲတိုက်ခိုက်ရာတွင် (၁)နှစ်ကျော်အရွယ် ကလေးငယ်​၏မိခင် သေဆုံးပြီး သုံးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် (၁)နှစ်ကျော်အရွယ်ကလေးငယ်မှာလည်း ဗုံးစထိမှန်၍ ဒဏ်ရာရရှိရာ အဆိုပါ ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“(၁)နှစ်ကျော် ကလေးငယ်တစ်ဦးနဲ့ အဒေါ်တစ်ဦး ကုသမှုခံယူနေရင်း ဒဏ်ရာပြင်းထန်တဲ့အတွက် ထပ်မံသေဆုံးသွားရတယ်လို့ သိရပါတယ်ဗျာ။ဆက်လက်ကုသမှုခံယူနေရတဲ့ ကျောင်းသူတစ်ဦး လည်း စိုးရိမ်ရတဲ့အနေအထားရှိနေပါတယ်”ဟု လွိုင်ကော်စစ်ရှောင်အရေးကူညီနေသူ တစ်ဦးကပြောသည်။

ထို့ကြောင့် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ သုံးဦးအထိရှိလာသည်။

စစ်ကောင်စီတပ်၏ အရပ်သားပြည်သူ စစ်ဘေးရှောင်များအပေါ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရက်စက်မှုနှင့် စစ်ရာဇဝတ်မှုများဟုလည်း ၎င်းက အသိပေးသည်။

နှစ်သစ်ကူးညကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်မှုအခြေအနေမသိရသေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်ကလည်း ရှမ်း – ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့အနောက်ခြမ်း ပီကင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူသုံးဦးထိခိုက်ဒဏ် ရာရရှိခဲ့သည်။

ဖယ်ခုံ၊မိုးဗြဲမြို့အပါအဝင် ကရင်နီပြည်နယ်၌ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ နိုဝင်ဘာလကုန်အထိ သတ်ဖြတ်ခံရသည့် ပြည်သူ ၅၃၂ ဦးရှိပြီး စစ်ဘေးရှောင်စဥ်သေဆုံးသူ ၁၇၀ဦးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။