Connect with us

Hi, what are you looking for?

သတင်း

ဆိုင်းတောင်သင်္ကြန်ကပြောတဲ့ လွတ်လပ်ရေး

စစ်​ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာက ပြည်သူ​တွေဟာ ဒီနှစ်သင်္ကြန်ပွဲ‌တော်ကိုလွတ်လပ်​ရေးအရသာခံစားပြီးဆင်နွဲခဲ့ကြပါတယ်။

ဧပြီ-၁၆၊၂၀၂၅။‌ယောနသံ/People’s Spring

စစ်​ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာက ပြည်သူ​တွေဟာ ဒီနှစ်သင်္ကြန်ပွဲ‌တော်ကိုလွတ်လပ်​ရေးအရသာခံစားပြီးဆင်နွဲခဲ့ကြပါတယ်။

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်စက်တင်ဘာလက တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ်။ ဆိုင်းတောင်ရဲစခန်းကို ဆိုင်းတောင်ရဲစခန်းကို KIA နဲဲ့ KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းယူခဲ့ရာကနေ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။

စစ်ကောင်စီတပ်ကဆိုင်းတောင်ရွာကို လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်မှာလည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီစက်တင်ဘာလကဆိုရင် ရာဂီမုန်တိုင်းမွှေလို့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ဆိုးရွားတဲ့ရေဘေး ကြုံတွေ့နေလို့ လူထုက စိတ်ပင်ပန်းနွမ်းနေနေချိန်မှာ စစ်ကောင်စီက ဆိုင်းတောင်ရွာကိုမီးရှို့ဖျက်ဆီးခဲ့တာပါ။ အဲဒီလုပ်ရပ်အပေါ် ဒေသအနှံ့ကလူထုက ပြစ်တင်ရှုံ့ချခဲ့ပါတယ်။

ဒီအခြေနေဆိုးတွေကို ဆိုင်းတောင်ဒေသခံတွေက ကြံ့ကြဲ့ခံခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲထဲမှာ ပင်ပန်းဆင်းရဲခံခဲ့ကြပါတယ်။​နောက်ဆုံးမှာ KIAနဲဲ့ KPDF ပူးပေါင်းတပ်တွေက ဆိုင်းတောင်ရဲစခန်းက​နေ တရွာလုံးကိုပါ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီကနေ့ သင်္ကြန်ပွဲ‌တော် နောက်ဆုံးနေ့ သင်္ကြန်အတက်နေ့မှာတော့ ဆိုင်းတောင်ဒေသခံတွေဟာ ဘဝအမောတွေကို​ခေတ္တမေ့ပစ်ပြီး ကခုန်ပျော်ပါးခဲ့ကြပါတယ်။ လွတ်မြောက်မှုရဲ့အရသာကို ခံစားကြရတာလို့ ဒေသခံတချို့ကပြောပါတယ်။

ဆိုင်းတောင်သင်္ကြန်ပွဲဟာ မနက်ကနေ ညအထိ စည်ကားခဲ့ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းရန်ကိုကြောက်ပေမယ့် တခါတလေပျော်ရွှင်ခွင့်ကို အမီအရဆုပ်ကိုင်လိုက်ခြင်းဖြစ်တယ်လို့ ဒေသခံတဦးကဆိုပါတယ်။ညမှောင်ရီပျိုးချိန်မှာတော့ ဆိုင်းတောင်ဒေသခံတွေဟာ သင်္ကြန်ပွဲတော်ကို လက်စသတ်လိုက်ပြီး ကိုယ့်အိမ်ကိုပြန်ခဲ့ကြပါတယ်။ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ရတဲ့အသာကို အပြည့်အဝခံစားခဲ့ရတယ်လို့ ဆိုင်းတောင်သင်္ကြန်ပွဲကိုဝင်လွှဲခဲ့တဲ့ လူငယ်တဦးကဆိုပါတယ်။

https://www.facebook.com/LuduNwayOo/videos/679157401172534

Video – Shwe Sai Sai Taung/Facebook

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ သင်္ကြန်ကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်းကပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က သင်္ကြန်ကာလ လေးရက်အတွင်းမှာ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၆ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။

သတင်း

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေကို သင်္ကြန်ကာလအတွင်း စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲ တာကြောင့် သုံးရက်အတွင်းအရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။