Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းတိုက်နယ်ကိုစစ်တပ်စစ်ကြောင်းထပ်ထိုးဖို့ပြင်

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်ကိုစစ်တပ်ကစစ် ကြောင်းထိုးဖို့ ပြင်လည်ပြင်ဆင်နေပြီး အင်အားစု ဆောင်းတာ တွေလုပ် နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေ ဆီကသိရပါတယ်။

ဇွန်လကုန်ပိုင်းမှာ မင်းကွန်းနယ်ကိုစစ်​ကြောင်းထိုးတဲ့ စစ်တပ်ကျန်ခဲ့တဲ့​ဆေးထိုးအပ်များ။ ဓါတ်ပုံ-​​ပေးပို့

ဇူလိုင်-၇၊၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်ကိုစစ်တပ်ကစစ် ကြောင်းထိုးဖို့ ပြင်လည်ပြင်ဆင်နေပြီး အင်အားစု ဆောင်းတာ တွေလုပ် နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေ ဆီကသိရပါတယ်။

လက်ရှိမှာစစ်တပ်ဟာ သမိုင်းဝင်မြသိန်းတန်စေတီ၊ လူအိုရုံနဲ့ မင်းကွန်းရဲစခန်းတို့မှာ အင်အားပြန်ထိုင်ထားတယ်လို့သိရပါတယ်။

“ဒီနယ်မြေကိုပြန်ရဖို့သူတို့(စကစ)ထိုးစစ်ဆင်မယ်လို့သိရတယ်။ပြန်လည်စုဖွဲ့မှုတွေ လုပ်နေတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၅ ရက်နေ့ကမင်းကွန်းတိုက်နယ်တကြောကို အင်အားအလုံးရင်းသုံးကာထိုးစစ်ဆင်ခဲ့တဲ့စစ်တပ်ဟာနယ်မြေအချို့ကိုရယူနိုင်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေပြန်လည်ထိုးစစ်ဆင်မှု ကြောင့် ပြန်လက်လွှတ်ဆုတ်​ပြေးခဲ့ရတာပါ။

တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ ကင်းရွာနဲ့ ချောင်းမကြီးရွာတွေကိုစစ်တပ်ကစီးနင်းမီးရှို့ခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် ဇွန်လ၂၇ ရက်နဲ့ ၂၈ရက် နေ့တွေမှာ အဲဒီကျေးရွာတွေက စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့တာမို့ စစ်ကောင်စီတပ်သား ၉ဦး သေဆုံးပြီး စုစုပေါင်း ၅ ဦး အရှင်ဖမ်းမိခဲ့တယ်တော်လှန်​ရေးတပ်​တွေက​ပြောပါတယ်။

အထိနာပြီး ပြန်ဆုတ်ခဲ့တဲ့ စစ်တပ်ကအင်အားပြန်လည်စုဖွဲ့​နေပြီး ထပ်မံစစ် ကြောင်းထိုးဖို့ပြင်ဆင် နေတယ်လို့သိရပါတယ်။

ဒီနယ် မြေကို စစ်​ကောင်စီရဲ တပ်မ(၃၃)ကဗျူဟာမှူး(ဗိုလ်မှူး)ကိုယ်တိုင်ဦးစီးပြီး မင်းကွန်းရဲစခန်းကနယ်မြေကျွမ်းကျင်သူတွေနဲ့ ပြည်သူ့စစ်တွေစု ပေါင်းစစ် ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အထိနာသွားတယ်လို့ နတ်မောက်ဂဠုန် PDFရဲ့ တာဝန်ရှိသူ ကိုအောင်ဒင်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ မနေ့ကတိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများပြာပြီး အထိနာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရွေးကောက်ပွဲလုပ်နိုင်ရေးအတွက် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးမှတဆင့် ဘောလခဲမြို့နယ်ကို စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

တနင်္သာရီတိုင်းက ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ထိုးနေလို့ ကျေးရွာတွေက ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက People's Spring ကို ပြောပါတယ်။