Connect with us

Hi, what are you looking for?

သတင်း

မြိတ်ခရိုင်အတွင်းပြည်သူများစစ်ရေးသတိပြုရန် PDF သတိ​ပေး

မြိတ်ခရိုင်အတွင်းစစ်ကောင်စီတပ်ဖွဲ့များ နှင့် စစ်တပ်ထောက်တိုင်များကိုတိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ စစ်တပ်စခန်းများ၊ စစ်တပ်ဂိတ်အနီး​နေထိုင်​သောပြည်သူများစစ်ရေးအသိ၊စစ်ရေးသတိဖြင့် နေထိုင်သွားလာကြရန်မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတိပေးချက်ထုတ်ပြန်သည်။

ဇွန်လ၂၇ရက်က ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ စစ်ကောင်စီတပ်စခန်းကို ​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-မြိတ်ခရိုင်တပ်ရင်း(၁)

ဇူလိုင်-၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

မြိတ်ခရိုင်အတွင်းစစ်ကောင်စီတပ်ဖွဲ့များ နှင့် စစ်တပ်ထောက်တိုင်များကိုတိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ စစ်တပ်စခန်းများ၊ စစ်တပ်ဂိတ်အနီး​နေထိုင်​သောပြည်သူများစစ်ရေးအသိ၊စစ်ရေးသတိဖြင့် နေထိုင်သွားလာကြရန်မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတိပေးချက်ထုတ်ပြန်သည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်မှုအရှိန်မြှင့်မည့်သတင်းကို ဇူလိုင်လ ၁၉ရက် နံနက်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏ လက်ဝေခံ ထောက်တိုင်များကို အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ပြီး စစ်ကောင်စီတပ်စခန်းများအနီး နေထိုင်ကြသည့်ပြည်သူများအနေဖြင့် စစ်ရေးအသိစစ်ရေးသတိဖြင့် နေထိုင်သွားလာကြရန် နှင့် စစ်ကောင်စီတပ်ဖွဲ့ စခန်းချရာနေရာများနှင့် တတ်နိုင်သမျှရှောင်ကြဉ်ကြရန်မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးအဖွဲ့တွေကမြေပြင်မှာလည်း သတိပေးထားပါတယ်။နှစ်ရက်သုံးရက်ရှ်ိပြီးသူတို့ ပြောထားတာ။မဖြစ်‌မနေသွားလာနေရတာတွေကိုသတိထားသွားလာကြဖို့မိသားစုကိုပြောထားပါတယ်”ဟု ကျွန်းစုမြို့နယ်မှဒေသခံတစ်ဦးကပြောသည်။

မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်တို့ပါဝင်ပြီး ပုလောမြို့နယ်တွင် ပုလော၊ ပလောက်နှင့် ပလမြို့တို့ပါဝင်သည်။ တနင်္သာရီမြို့နယ်တွင်တနင်္သာရီနှင့်မောတောင်မြို့တို့ ပါဝင်သည်။

စစ်ဆင်ရေးလုပ်ဆောင်ချိန်များအတွင်းစစ်ကောင်စီတပ်ဖွဲ့ များနှင့် အနီးအနားတွင် ရောက်ရှိနေပါက ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲကျည်ကွယ်မျက်ကွယ်နေရာများတွင် အကာအကွယ်ယူ၍ တတ်နိုင်သမျှ လုံလုံခြုံခြုံနေထိုင်ကြရန်၊ နေအိမ်များတွင်လည်း ဗုံးခိုကျင်းများ စနစ်တကျ တူးထားရန်နှင့် အရေးကြီးစာရွက်စာတမ်းများ၊တန်ဖိုးရှိပစ္စည်းများကို သေသေချာချာ ထုပ်ပိုးထားကြရန် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက အကြံပြုထားသည်။

မြိတ်ခရိုင်အတွင်းယခုရက်ပိုင်းစစ်ရေး တင်းမာနေပြီး ပြီးခဲ့သည့်ဇွန်လ၂၇ရက်နေ့ကပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ စစ်ကောင်စီစခန်းကို မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း (၇) မဟာမိတ်တပ်ပေါင်းစုက စီးနင်းတိုက်ခိုက်သိမ်းယူခဲ့သည်။

စစ်ကောင်စီကရှေ့တန်းသို့ပို့ဆောင်လိုက်သည့် ပြည်သူ့စစ်မှုထမ်းဆင်းများလည်း လက်နက်ချအလင်းဝင်မှုများရှိနေသည်။ဇွန်လ (၁၈) ရက်နေ့က ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်းဗဟို ၁၂) မှ အဓမ္မစုဆောင်းခြင်းခံရသူ လူငယ် (၄) ဦးသည် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံသို့ ခိုလှုံလာခဲ့သည်။ဇွန်လ ၂၁ရက်နေ့ကလည်း ပုလောမြို့အခြေစိုက် ခလရ(၁၇)မှအဓမ္မစစ်သားစုဆောင်းခံရသူနှစ်ဦးသည် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံသို့ လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။