Connect with us

Hi, what are you looking for?

သတင်း

စလင်းနယ်မှ တညောင်ရဲစခန်းကို PDF များသိမ်းပိုက်

မကွေးတိုင်း၊စလင်းမြို့နယ်၊တညောင်ဒေသရဲ စခန်းကို ကာကွယ်ရေးတပ်များက ယ​နေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ရဲစခန်းသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-စလင်းပကဖ

ဇူလိုင်-၃၀၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊စလင်းမြို့နယ်၊တညောင်ဒေသရဲ စခန်းကို ကာကွယ်ရေးတပ်များက ယ​နေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ဇူလိုင် ၃၀ ရက် နံနက် ၄ နာရီ မိနစ် ၅၀ တွင်ရဲစခန်းဘန်ကာများကိုအပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပြီး တညောင်ရဲစခန်းတစ်ခုလုံးကို မီရှို့ဖျက်ဆီးခဲ့သည်ဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်ကောင်စီရဲတပ်သားရှစ်ဦးသေဆုံးပြီး နှစ်ဦးအရှင်ဖမ်းမိကာ G3 ငါးလက်၊MA 13 တစ်လက်နှင့်ကျည်များသိမ်းဆည်းနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“မိသားစုဝင်၊အစောင့်၊ရခ အာလုံး ၃၀ ဝန်းကျင်ရှိတယ်။ရဲစခန်းနဲ့ တညောင် ဓာတ်အားခွဲရုံ(စစ်ကောင်စီတပ်သားများတပ်စွဲထားရာနေရာ)ကိုပါ ဖြတ်တောက်ရေးပွိုင့် ၃ ပွိုင့်ခွဲပြီး ခွဲရုံကိုပါတိုက်ခိုက်တယ်။အဓိက စစ်ရေးရည်မှန်းချက်က ရဲစခန်းပါ။ခွဲရုံက စစ်ကူမလာနိုင်ရေးအတွက်ဖြတ်တောက်တာမျိုးပါ”ဟု တညောင်ရဲစခန်းသိမ်းပိုက်ခဲ့သည့်ဖြစ်စဥ်ကို စလင်းပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

တညောင်ရဲစခန်းနှင့်တညောင်ဓာတ်အားခွဲရုံသည် နှစ်ဖာလုံ(ပေ ၁၂၀၀)ကျော်အကွာအဝေးရှိသည်။ကျန်ရှိသောရဲတပ်ဖွဲ့ဝင်များသည် တညောင်လျှပ်စစ်ဓာတ်အားခွဲရုံသို့ ထွက်ပြေးသွားကြောင်းသိရသည်။

“ဓာတ်အားခွဲရုံမှာက စကစ တပ်သားတွေရှိတယ်။အင်အား ၆၀ နဲ့ ၁၀၀ လောက်ရှိတယ်။ရဲစခန်းမှာကစကစရဲအင်အား၂၀ လောက်ရှိတယ်”ဟု စလင်းမြိုမှစစ်ရေးသတင်းရင်းမြစ်ကလူထုနွေဦးသို့ ပြောသည်။

တညောင်ဒေသသည်စလင်းမြို့နယ်အထက်ပိုင်းတွင်ရှိကာ ဆိပ်ဖြူမြို့နယ်ရှိ ကပစ (၂၀၊ ၂၁၊ ၂၅) နှင့် ဆိပ်ဖြူမြို့အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) များသို့ အဓိက ဓာတ်အားပေးသည့် ဓာတ်အားခွဲရုံ ရှိသည်။

အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)သည် လေတပ်သုံးဗုံးများထုတ်ပြီးအမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂ )သည် လက်နက်များထုတ်ကာဆိပ်ဖြူမြို့နယ်တွင် အခြေစိုက်ထားသည်။

အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၅)သည် ကျည်ဆန်နှင့် လေကြောင်းရန်ကာ ကွယ်ရေးလက်နက်ကြီးများထုတ်လုပ်သည့် လောင်းရှည်မြို့တွင်ရှိသည်။

စလင်းမြို့နယ်တွင် တော်လှန်ရေးအင်အားစုများ စိုး မိုးထားသည့် သို့မဟုတ် ထိန်းချုပ်ရာ စလင်း-ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို စစ်ကောင်စီက ယခုနှစ်စပိုင်းကတည်းက အင်အားရာနှင့်ချီသုံး၍ စစ်ထိုးခဲ့သည်။

လက်ရှိတွင်လည်းစလင်း-ဆင်ဖြူကျွန်း လမ်းပိုင်း ကို သံချပ်ကာနှင့်တင့်ကားယာဥ်အချို့ဖြင့်ပါ စစ် ကြောင်းထိုးနေ၍ တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်ကောင်စီကပခုက္ကူမြို့အခြေစိုက်တပ်မ (၁၀၁) နှင့် မကွေးမြို့အခြေစိုက် ခလရ (၂၅၃၊၂၅၄ နှင့်၂၅၅) တပ်ရင်းများကိုအသုံးပြုထားကြောင်း မြေပြင်ရဲဘော်အချို့က ဆိုသည်။

မကွေးတိုင်းအနောက်ဘက်ခြမ်းရှိ စလင်းမြို့နယ်သည် ဆော၊ဆိပ်ဖြူ၊ချောက်၊ရေနံချောင်း၊ပွင့်ဖြူ နှင့် စေတုတ္တရာမြို့နယ်တို့နှင့်ထိစပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။