Connect with us

Hi, what are you looking for?

သတင်း

PDF ဗျူဟာ(၃၃)နှင့် မွန်တပ်တို့ ညီနောင်တပ်ဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃)နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဩဂုတ် ၂၇ရက်)တွင် ကြေညာချက်ထုတ်ပြန်သည်။

နည်းဗျူဟာ (၃၃)နှင့်မွန်ပြည်တော်လှန်ရေးတပ် (MSRF)အပါအဝင် တော်လှန်ရေးပူးပေါင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − နည်းဗျူဟာ ၃၃ - Tactics 33

ဩဂုတ်−၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃)နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဩဂုတ် ၂၇ရက်)တွင် ကြေညာချက်ထုတ်ပြန်သည်။

နည်းဗျူဟာ(၃၃)နှင့် MSRF တို့သည်၂၀၂၃ကစတင်ပြီးမဟာမိတ်အဖြစ် ပူးပေါင်းလက်တွဲတိုက်ပွဲဝင်ခဲ့ ၂နှစ်ကျော်အတွင်း စစ်ရေးဖော် ဆောင်မှုပေါင်း (၄၀)ခန့်နှင့် ရန်သူစစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲပေါင်း (၆) ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့ပြီး ယခုကဲ့သို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ခြင်းဖြစ်ဟု ဆိုသည်။

အတူတူတိုက်ပွဲဝင်ခဲ့ပြီး အခက်အခဲများကို အတူတူ ရင်ဆိုင်ခဲ့ကြကြောင်း နည်းဗျူဟာ(၃၃) စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီအပေါ်မှာတဖြည်းဖြည်းနဲ့ အခုအချိန်မှာယုံကြည်မှုတွေပိုမိုရပြီးတဦးနဲ့တဦး သူ့အခက်အခဲ ကိုယ့်အခက်အခဲဆိုပြီး မထားဘဲနဲ့ တဦးက ဖြစ်တဲ့အခက်အခဲ ကျနော်တို့ အခက်အခဲဖြစ်ရင်လည်း သူတို့ အခက်အခဲ ဖြစ်သလိုပေါ့နော် အဲဒီလိုမျိုး ညီနောင်ပုံစံ ဆန်ဆန်ကျနော်တို့သွားခြင်းဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

ထို့ပြင် နောက်ထပ်အတူလက်တွဲတိုက်ပွဲဝင်နေသည့် မဟာမိတ်များလည်း ရှိကြောင်းလည်း ရဲဘော်စောဒါးကိုက ပြောသည်။

“ကျနော်တို့အားလုံးဒီထက်ပိုပြီးကျစ်ကျစ်လစ်လစ်နဲ့ပိုပူးပေါင်းဆောင် ရွက်နိုင်အောင် အခုလိုမျိုးကြိုးစားရခြင်းဖြစ်ပါတယ်”ဟု ရဲဘော်စောဒါးကိုက ပြောသည်။

MSRF ပြောရေးဆိုခွင့်ရှိသူမိတလဉာဏ်ကနည်းဗျူဟာ (၃၃)နှင့် MSRF တို့သည်နွေဦးတော်လှန်ရေးကာလအတွင်းတိုက်ပွဲဝင်ရာတွင်အချင်းချင်း အသက်ပေး ကာကွယ်ခဲ့ကြဟု ပြောသည်။

“ကျမတို့ဒီညီနောင်မဟာမိတ်တပ်ဖွဲ့ဟာဆိုလို့ရှိရင် ရဲဘော် ရဲဘက်ချင်း တသားတည်း ကျ တထပ်တည်း ကျပြီးတော့ ရင်းနှီးမှု သစ္စာရှိမှုကို အခြေခံပြီးဖွဲ့စည်းလိုက်တဲ့ တပ်ဖွဲ့ဖြစ်တယ်။ အပေါ်ယံ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့မဟုတ်ဘဲ အနှစ်သာရကို အခြေခံပြီး တော့ ဖွဲ့စည်းလိုက်တဲ့ ညီနောင်တပ်ဖွဲ့ပဲဖြစ်ပါတယ်”ဟု မိတလဉာဏ်က ပြောသည်။

အခြား တပ်ရင်းတပ်ဖွဲ့များ ညီနောင်တပ်ဖွဲ့အတွင်း ပါဝင်ရန်လမ်းဖွင့်ထားခြင်းရှိပြီး ရှေ့ဆက်ပြီး နည်းဗျူဟာ (၃၃)နှင့်အတူ ဖိဖိစီးစီးတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း MSRF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နည်းဗျူဟာ (၃၃)နှင့် MSRF ညီနောင်တပ်ဖွဲသည် အနာဂတ် တော်လှန်ရေးခရီးတလျှောက်တွင် တူညီသောရည်မှန်းချက်ဖြင့် စစ်ရေးဖော်ဆောင်မှုများပြုလုပ်သွားမည်ဖြစ်ပြီးရင်ဆိုင်ကြုံတွေ့လာမည့် မည်သည့်အခြေ အနေတွင်မဆို အချင်းချင်း အသက်ပေးကာကွယ်သွားကြမည်ဟု ထုတ်ပြန်ခဲ့သည်။

ညီနောင်တပ်ဖွဲ့သည် စစ်အာဏာရှင်နှင့် မည်သည့်အာဏာရှင်စနစ်မဆို အဆုံးတိုင် တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ပြီး စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုဖွဲစည်းနိုင်သည်အထိတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း သန္နိဌာန်ပြုသည်ဟုလည်း ဖော်ပြသည်။

နည်းဗျူဟာ (၃၃)နှင့် MSRFတို့သည် မွန်၊ တနင်္သာရီဒေသများ၌ စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိုသို့ တိုက်ခိုက်ရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် အခြားတော်လှန်ရေးတပ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ