Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်မှာ လက်နက်သယ်လာတဲ့ PDF တဦး ပစ်ခတ်ဖမ်းဆီးခံရပြီး ကျဆုံး၊ စျာပနလုပ်တဲ့ရွာကို စစ်တပ်က ဗုံးကြဲ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ လက်နက်ခဲယမ်းတွေ သွားရောက်သယ်ဆောင်တဲ့ ရဲဘော်တစ်ဦး သတင်း​​ပေး​ကြောင့် စစ်ကောင်စီတပ်က​စောင့်ကြိုပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ကျဆုံးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၂၂)လက်အောက်ခံ ပဲခူးရိုးမရေတာရှည် YPDFမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျဆုံးရဲဘော်ရဲ့ ဈာပနအခမ်းအနား ပြုလုပ်နေစဉ်။ ဓာတ်ပုံ − YPDF

သြဂုတ် -၂၇၊ ၂၀၂၅။ People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ လက်နက်ခဲယမ်းတွေ သွားရောက်သယ်ဆောင်တဲ့ ရဲဘော်တစ်ဦး သတင်း​​ပေး​ကြောင့် စစ်ကောင်စီတပ်က​စောင့်ကြိုပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ကျဆုံးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၂၂)လက်အောက်ခံ ပဲခူးရိုးမရေတာရှည် YPDFမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သြဂုတ် ၂၂ ရက်က အရှေ့ရိုးမှ အနောက်ရိုးသို့ ဆိုင်ကယ်ကယ်ရီငှားရမ်းကာ လက်နက်များသယ်ဆောင်လာစဥ် ရေတာရှည်မြို့နယ်၊ ဘရင်းကုန်းကျေးရွာအရောက်တွင် သတင်းကြိုရပြီး စောင့်ဆိုင်းနေသော စစ်ကောင်စီတပ်သားများက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ပဲခူးရိုးမရေတာရှည် YPDF တပ်ဖွဲ့ဝင် ရဲဘော်စိုးကြီး ကျဆုံးသွားတာဖြစ်တယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ရဲဘော်စိုးကြီးခေါ်လာတဲ့ ကယ်ရီသမားတစ်ဦးဟာလည်း လက်နက်တွေနဲ့အတူ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

“​ပေးအပ်သော အမိန့်နှင့်တာဝန်ကို ကြေပြွန်စွာထမ်းဆောင်ခဲ့သော ရဲဘောစိုးကြီးဈာပန ပွဲအား ရေတာရှည်မြို့နယ်တွင်သြဂုတ်၂၆ ရက်၊နံနက် ၉ နာရီမှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်”လို့ ပဲခူးရိုးမရေတာရှည် YPDFက အသိပေးပါတယ်။

ရဲဘော်စိုးကြီးရဲ့ စျာပနပွဲပြုလုပ်ပြီးချိန် ဒီကနေ့

(သြဂုတ် ၂၆)နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနှစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်နော်တို့က အခမ်းနားပွဲကိုစိတ်မချတာနဲ့ နေ့လည် ၁၂နာရီ မှာပြုလုပ်ဖို့ သတင်းလွင့်ထားပြီး နံနက် ၉နာရီ မှာကြိုလုပ်ပြစ်တာဖြစ်သည့်အတွက် ဒီကောင်တွေ အချိန်လွဲသွားတာဗျ။ ညကတည်းကလည်း ဒီသတင်းဟာ ပေါက်နိုင်တယ်ဆိုပြီး ၂၄ နာရီ ကောင်းကင်ကင်းချထားတော့ ရွာသားတွေကိုလည်း အချိန်မီဆွဲထုတ်ထားနိုင်ခဲ့လို့ ဘာမှမဖြစ်တာပါ”လို့ ဗုံးကြဲခံရတာနဲ့ပတ်သက်လို့ ရေတာရှည် YPDFမှ တာဝန်ရှိသူက ရှင်းပြပါတယ်။

စစ်ကောင်စီတပ်က စက်တပ်လေထီးနှစ်စီးအသုံးပြုပြီး ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ကြိုတင်ရှောင်တိမ်းနိုင်ခဲ့တဲ့အတွက် ပြည်သူထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူခရိုင် လေလံမြောင်(လေလာမြောင်)ကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစု ၂ခုက ပြည်သူ ၈ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ လတ်တလော စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်ချက်တွေ များပြားနေကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ခံ ကိုထက်က ပြောပါတယ်။