Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ မပူးပေါင်းဖို့၊မကူညီဖို့နဲ့ အသိအမှတ်မပြုဖို့ ၀၊ တအာင်း၊ မွန်လူငယ်အဖွဲ့တွေ တိုက်တွန်း

“ဝ” ၊ တအာင်း၊ မွန် လူငယ်အဖွဲ့တွေ ပူးပေါင်းပြီး စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးဟန်ပြပွဲဖြစ်တဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဖို့ မကူညီဖို့၊ ဆန့်ကျင်ဖို့နဲ့ အသိအမှတ်မပြုဖို့ တိုက်တွန်းလိုက်ပါတယ်။

အင်းလေးဒေသမှာ ချိတ်ဆွဲကပ်ထားတဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးဗီနိုင်းနဲ့ ပိုစတာတို့ကို တွေ့ရစဥ်။ဓာတ်ပုံ - အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့

နိုဝင်ဘာ-၁၀၊ ၂၀၂၅။ထားမြတ်/People’s Spring

“ဝ” ၊ တအာင်း၊ မွန် လူငယ်အဖွဲ့တွေ ပူးပေါင်းပြီး စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးဟန်ပြပွဲဖြစ်တဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဖို့ မကူညီဖို့၊ ဆန့်ကျင်ဖို့နဲ့ အသိအမှတ်မပြုဖို့ တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နိုင်ငံတဝန်း ပြည်သူတွေ နေအိမ်တွေ မီးရှိုတာ၊ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်တာ၊ ပြည်သူတွေကိုလူမဆန်စွာ သတ်ဖြတ်တာ၊ဖမ်းဆီး အကျဉ်းချတာ၊ နှိပ်စက်ညှင်းပမ်းတာ စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်က ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေတဲ့အပေါ် ၀လူငယ့်အသံ၊ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့၊ တိုးတက်သောမွန်လူငယ်များအစည်းအရုံး တို့ပူးပေါင်းပြီး အခုလို သဘောထား ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ရဲ့ သမိုင်းတစ်လျှောက် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတိုင်းဟာ သူတို့ အာဏာတည်မြဲရေးနဲ့ တရားဝင်ဖြစ်အောင် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ၊ တိုင်းရင်းသား အင်အားစုများ အချင်းချင်းကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေဖို့၊ သွေးခွဲရေးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို လှည့်စားကာ တရားဝင်ရရှိရေးအတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ သူတို့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအားလုံးရှောင်ရှားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို ပြန်လည် အသက်သွင်းဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဖက်ဒရယ်ဒီ မိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ လုံးဝဆန့်ကျင်နေတာကြောင့် မွန်ခမာအုပ်စု “ဝ”၊ တအာင်း၊ မွန်လူငယ်များ အနေဖြင့် လုံးဝဆန့်ကျင် ကန့်ကွက်လိုတယ်လို့ ထုတ်ပြန်ပါတယ်။

” စကမ ကပြုလုပ်သွားမယ့် ရွေးကောက်ပွဲမှာ လုံးဝ မပါဝင်ကြဖို ပြည်သူတစ်ရပ်လုံးကို အဓိကထား တိုက်တွန်းလိုပါတယ်။ အခုနည်းလမ်းက စစ်မှန်တဲ့ ဒီမိုကရေစီ နည်းကျတဲ့ လမ်းကြောင်းမဟုတ်ပါဘူး။ ကျွန်မတို့ စကစက အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူတွေအပေါ် မရေမတွက်နိုင်တဲ့ ရာဇဝတ်မှုတွေ အမျိုးမျိုးကျူးလွန်ခဲ့တယ်ဆိုတာ သမိုင်းကဖြစ်ရပ်တွေက မီးမောင်းထိုးပြနေသလို စကစ ကလည်း အဲ့ဒီစနစ် တရားဝင်လာဖိုတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ အတုအယောင်၊ နိုင်ငံရေးဟန်ရေးပြပွဲတစ်ခုပဲ ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်”လို့ ၀လူငယ့်အသံ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချတာဟာ အခုချိန်မှာ အားကောင်းတဲ့တန်ပြန် ခုခံတော်လှန်ရေး လုပ်ရပ်တစ်ခု ဖြစ်တယ်ဆိုတာကိုလည်း ပြည်သူတွေ နားလည်စေချင်ကြောင်း ၀လူငယ့်အသံ တာဝန်ရှိသူက ပြောပါတယ်။

” လက်ရှိ အတုအယောင် ရွေးကောက်ပွဲ မပါဝင်ခြင်း၊ ဆန့်ကျင်ခြင်းကလည်း ပြည်သူ့တော်လှန်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ရရှိရေးအတွက် နည်းလမ်းတစ်ခုလို ကျွန်မမြင်တယ်။တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လွတ်လပ်မှုတွေအတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြဖို တိုက်တွန်းချင်ပါတယ်။ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုက အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ နည်းလမ်းအကျဆုံးနဲ့ အကောင်းဆုံး လက်နက်တစ်ခုပဲ ဖြစ်ပါတယ် ဆိုတာ ပြောပြချင်ပါတယ်”လို့ ၀လူငယ့်အသံ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးသမားတွေအားလုံး အနေနဲ့ စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ဝန်းရံခြင်း၊ ပါဝင်ခြင်းဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပ ဒေအား ဖျက်သိမ်းထားတဲ့ ပြည်သူ့တော်လှန်ရေးရဲ့ ရည်မှန်းချက်၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်ကို ဆန့်ကျင်ရာရောက်တဲ့အတွက် ပူးပေါင်းပါဝင်မှု မလုပ်ဆောင်ကြဖို့ ၀၊ တအာင်း၊ မွန်လူငယ်တွေက တိုက်တွန်းထားပါတယ်။

တရုတ်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြင်ပနိုင်ငံမှ အိမ်နီးချင်းရင်းနှီးမြှုပ်နှံသူအားလုံးဟာ စစ်ကောင်စီ ရွေးကောက်ပွဲကို နည်းပညာအရ ပံ့ပိုးကူညီတာ၊ စောင့်ကြည့်လေ့လာတာ၊ ပူးပေါင်းပါဝင်တာ၊ အသိအမှတ်ပြုတာ အပါအဝင် အခြားသော နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးအရ ပံ့ပိုးဆောင်ရွက်မှုတွေ မလုပ်ကြဖို့လည်း ထပ်မံ တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူ့လှုပ်ရှားမှုတွေ၊ ပြည်သူအား ကိုယ်စားပြုတဲ့ တော်လှန်ရေးအစုအဖွဲ့တွေကို အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

လက်ရှိတော်လှန်ရေးအင်အားစုတွေ အကောင်အထည်ဖော်နေတဲ့ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးချဉ်းကပ်မှု အခြေခံမူကိုလက်ကိုင်ထားပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်အောက်မှာ ၀၊တအာင်း၊ မွန်လူငယ်တွေ စည်းလုံးညီညွတ်ကာ စစ်တပ် အာဏာသက်ဆိုးရှည်စေမယ့် ဘယ်လုပ်ရပ်မျိုးကို မဆိုဆန့်ကျင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မြန်မာစစ်တပ်ဟာ အကြောက်တရား၊ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ ထူပြောနေတဲ့ အခြေအနေတစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ(UN)က ဒီဇင်ဘာ ၂၃ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’စကားလုံးထည့်သွင်းသုံးနှုန်းခဲ့တယ်ဆိုပြီး အမတ်လောင်း ဦးလွင်မြင့်ဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ)နဲ့ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်ကြောင်း ပြည်သူလူထုက ထုတ်ဖော်ပြောဆိုပြသနိုင်ဖို့ ကိုယ့်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ REJECT SHAM ELECTION စာသားပါ Profile Picture ပြောင်းလဲရေး ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကြဖို့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖော်ပြနေတဲ့ Anti Sham Election(တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး) ဖေ့စ်ဘွတ်ခ်...