ဧပြီ -၆ ၊၂၀၂၆
အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)ရဲ့ထောက်လှမ်ရေး အကြီးအကဲ မာဂျစ်ခါဒမီ ဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးသွားတယ်လို့ အီရန်အစိုးရ မီဒီယာကသတင်းကြေညာပါတယ်။
အီရန်အစိုးရမီဒီယာရဲ့ ဖော်ပြချက်အရတော့ မာဂျစ်ခါဒမီ ဟာ IRGC ရဲ့ ရေတပ်အခြေစိုက် စခန်းတစ်ခုမှာရှိနေချိန် လေကြောင်းတိုက်ခိုက်ခံရတာပါ။
IRGC ကလည်း သူတို့ရဲ့ထောက်လှမ်းရေးတပ်ဖွဲ့အကြီးအကဲ အစ္စရေး လက်ချက်ကြောင့်သေဆုံးသွားတယ်ဆိုတာကို တနလ်ာနေ့မှာ ကြေညာ ချက်ထုတ်ပြန်ပေမယ့် သေဆုံးခဲ့တဲ့နေရာနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုမဖော်ပြခဲ့ပါဘူး။

Public Service Announcement
IRGC အတွက်တော့ တပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးအကြီးအကဲ နှစ်ဦးလုံး တစ်နှစ်တာကာလအတွင်း အစ္စရေး နဲ့ဖြစ်ပွားတဲ့ စစ်ပွဲအတွင်းဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လ အတွင်း ဖြစ်ပွားတဲ့ အီရန် – အစ္စရေး ၁၂ ရက်တာ စစ်ပွဲအတွင်းမှာ အစ္စရေးရဲ့လေကြောင်း တိုက်ခိုက်မှု ကြောင့် အဲဒီအချိန်က ထောက်လှမ်းရေးအကြီးအကဲဖြစ်သူမိုဟာမက် ကာဇမီ သေဆုံးခဲ့ရပါတယ်။ သူ့ရဲ့နေရာကို မာဂျစ်ခါဒမီက ဆက်ခံခဲ့တာပါ။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC )ဟာ အီရန်မှာအရေးပါဆုံးလက်နက်ကိုင်တပ်ဖြစ်ပါတယ်။
အခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်မှာ တကျော့ပြန် ပြန်လည်ဖြစ်ပွားတဲ့ အစ္စရေး နဲ့အီရန်စစ်ပွဲမှာတော့ အမေရိကန် အစ္စရေးဘက်က ဝင်ရောက်တိုက်ခိုက်ပါတယ်။
စစ်ပွဲအစပိုင်းရက်တွေမှာတင် အီရန် အစိုးရ ရဲ့ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီ တစ်ဦးတည်းသာ မကဘဲ အီရန်ရဲ့ ထိပ်တန်း နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင် တချို့ကို လက်ဦးမှု ယူပြီး ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က ပြောကြားလာပါတယ်။
အဲဒီထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ IRGC တစ်တစ်ခုလုံးရဲ့ ခေါင်းဆောင် ပက်ခ်ပူအာလည်းပါဝင်သွားတယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။
နိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်းတွေရှင်းလင်းခံရတာနဲ့ပတ်သက်ပြီး အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က တပ်ဖွဲ့ရဲ့ သမိုင်းတလျှောက် ဘယ်တုန်းကမှ မကြုံဖူးလောက်အောင် ကြမ်းတမ်းပြင်းထန်တဲ့ တိုက်ခိုက်မှုကြီး တစ်ခုကို စတင်မယ်လို့ အဲဒီအချိန်က တုံ့ပြန်ထားခဲ့ပါတယ်။





















































