Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းကငလျင်ကြောင့် ရန်ကုန်ပါ လှုပ်ပြန်

ဒီကနေ့ ဇူလိုင် ၅ရက်မနက်အစောပိုင်းမှာ ဧရာဝတီတိုင်း၊ ကျိုက်ပိမြို့အနီးကိုဗဟိုပြုလှုပ်တဲ့ ရစ်ခ်တာစကေး ၃ ဒဿမ ၆ အဆင့်ရှိတဲ့ ငလျင်ကြောင့် ရန်ကုန်မြို့မှာ ငလျင်လှုပ်ရှားမှု ထပ်မံ ခံစားခဲ့ရပါတယ်။

(ရန်ကုန်မြို့က လူနေတိုက်ခန်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP)

ဇူလိုင်-၅၊၂၀၂၆။မိထက်/People’s Spring

ဒီကနေ့ ဇူလိုင် ၅ရက်မနက်အစောပိုင်းမှာ ဧရာဝတီတိုင်း၊ ကျိုက်ပိမြို့အနီးကိုဗဟိုပြုလှုပ်တဲ့ ရစ်ခ်တာစကေး ၃ ဒဿမ ၆ အဆင့်ရှိတဲ့ ငလျင်ကြောင့် ရန်ကုန်မြို့မှာ ငလျင်လှုပ်ရှားမှု ထပ်မံ ခံစားခဲ့ရပါတယ်။

ဇူလိုင် ၄ရက် မနက်က ပင်လယ်ဝအနီးကို ဗဟိုပြုတဲ့ ရစ်ခ်တာစကေး ၃ ဒဿမ ၅အဆင့်ရှိတဲ့ငလျင်ကြောင့် ရန်ကုန်မြို့မှာ သိသာတဲ့ ငလျင်ဒဏ်ခံစားခဲ့ရပါသေးတယ်။

ငလျင်က ဒီနေ့ မနက်စော ၂နာရီခန့်မှာ ကျိုက်ပိမြို့အနီးမြေအနက် ၃မိုင်ခန့်ကို ဗဟိုပြုပြီး လှုပ်တာလို့ ငလျင်သတင်းတွေ ထုတ်ပြန်ပေးနေတဲ့ ထိုင်းမိုးဇလဌာန(TMD)က ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါငလျင်ကို ရန်ကုန်မြို့က ဗဟန်း၊ တာမွေ၊လှိုင်၊ မရမ်းကုန်း၊ စမ်းချောင်း၊ကမာရွတ်မြို့‌‌တွေမှာခံစားလိုက်တယ်လို့ သိရပါတယ်။

” ခပ်စိပ်စိပ်လှုပ်နေတာနော်။ သတိနဲ့ နေရမယ့်အနေအထားဖြစ်တယ်။ မနက်ကလည်း သိတယ်။ စိတ်ထင်တာ မမှားရင် ခဏခဏ လှုပ်နေတာ။ ဒီနေ့မနက် ၈နာရီခန့်ကလည်း တချက် လှုပ်သွားသလိုပါပဲ”လို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ကိုသက်ရောက်စေခဲ့တဲ့ငလျင်တွေ ပြီးခဲ့တဲ့မေလနဲ့ ဇွန်လအတွင်း မကြာခဏလှုပ်ရှားခဲ့လို့ မြို့ခံတွေအကြား စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါ့အပြင် ငလျင်အဖြစ်သတင်းမထုတ်တဲ့ မြေကျွံမှုအချို့ကြောင့်လည်း စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့ဟာ ဒေးဒရဲပြတ်ရွှေ့ကြောင့်ငလျင်လှုပ်ရှားနိုင်သလို ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ ထိုးစိုက်ဇုန်ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။ပဲခူးမြို့အနီးက စစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့မှာ ငလျင် လှုပ်စေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

သတင်း

ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။

Facebook