Connect with us

Hi, what are you looking for?

သတင်း

ရေကြည်မှာ ရေကြီးနေချိန် ကလေး ၂ဦးရေထဲမျောပါပြီး ၁ဦးကို ဝါးရုံပင်ကြားမှာ အသက်ရှင်လျက် ပြန်တွေ့၊ ၁ဦး ပျောက်ဆုံးနေ

ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ရေကြီးနေချိန် ကလေး ၂ဦး ရေစီးထဲမျောပါပြီး ၁ဦးကို ဝါးရုံပင်ကြားမှာ ပြန်တွေ့ပေမယ့် ၁ဦး ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

(ရေထဲမျောပါသွားတဲ့ ကလေးအား ရှာဖွေနေစဥ်။ ဓာတ်ပုံံ-Screen Grab)

သြဂုတ် ၂၃၊ ၂၀၂၆။ မေရီ/People’s Spring

ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ရေကြီးနေချိန် ကလေး ၂ဦး ရေစီးထဲမျောပါပြီး ၁ဦးကို ဝါးရုံပင်ကြားမှာ ပြန်တွေ့ပေမယ့် ၁ဦး ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

သြဂုတ် ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က ရေကြည်မြို့ ၊ စဉ့်ကူးရပ်ကွက်မှာ အသက် (၁၃) နှစ်နဲ့ (၁၆)နှစ်အရွယ် ယောကျာ်းလေး ၂ဦးဟာ ရေထဲကနေ ဦးလေးအိမ်သွားစဥ် ၂ဦးလုံး ရေစီးအတိုင်း မျောပါသွားခဲ့ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေရာမှာ အသက်(၁၆)နှစ်သားကို ဝါးရုံပင်ကြားမှာ ပြန်တွေ့ပြီး (၁၃)နှစ်အရွယ် ကလေးငယ်မှာ ပျောက်ဆုံးသွားကြောင်း သွားရောက်ရှာဖွေခဲ့သူ ကိုသက်ကြီး(စိန်ပန်း)ဆိုသူက လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

“တစ်ယောက်ကတော့ အရှင်တွေ့တယ်။…ကလေးတွေက သူ့အဖေရဲ့အုတ်ဂူကို သွားကြည့်တာတဲ့။ သွားကြည့်ပြီးတော့ ပြန်လာတော့ နှစ်ယောက်မျောတာ။ တစ်ယောက်က ဝါးရုံပင်ကို လှမ်းဆွဲလိုက်တဲ့အချိန်မှာ ကျန်ခဲ့တယ်။ ရွာခံတွေက ကြားကြားချင်းမှာ ဆိုင်ကယ်တွေနဲ့ သွားလိုက်တော့ တစ်ယောက်ကို ဝါးရုံပင်မှာ ဆွဲထားတဲ့ ကလေးလေးတစ်ယောက်ကိုတော့ ခေါ်လာနိုင်ခဲ့တယ်။”လို့ အခင်းဖြစ်နေရာကနေ လူမှုကူညီရေးအမျိုးသမီးတစ်ဦးက Live လွှင့် ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

မီးသတ်တွေနဲ့ပေါင်းရှာပေမယ့် ရေစီးသန်နေလို့ ရှာဖွေလို့မရခဲ့​ကြောင်း၊ ရေအောက်မှာ ခြုံတွေနဲ့ ဆူးတွေရှိလို့ ရေငုတ်ရှာဖွေတဲ့ အဖွဲ့ဝင်တွေ အနည်းငယ်ထိခိုက်မှုရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီးနောက် လေးမျက်နှာမြို့နယ်အပြင် ဆက်စပ်ရာဒေသတွေဖြစ်တဲ့ ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးနေပါတယ်။

ဒီကနေ့ သြဂုတ် ၂၃ ရက်မနက်မှာ “ရေက နှစ်လက်မလောက်တော့ကျတယ်”လို့ ရေကြည်က လူမှုကယ်ဆယ်ရေးသမားတစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

ဒေသတွင်းမှာ ဩဂုတ် ၃ရက်ကစပြီး ရေအနည်းငယ်ပြန်ကျနေတာကနေ မိုးကြီးမှုနဲ့ မြစ်ရေလည်း ပြန်တက်လာလို့ မူလကယ်ဆယ်ရေးစခန်းတွေမှာ နေလို့မရတော့တဲ့အတွက် လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲက ရေဘေးကယ်ဆယ်ရေးစခန်းအချို့ကို နေရာရွှေ့နေရပါတယ်။ တာကျိုးပေါက်ကို ဌာနဆိုင်ရာတွေက စက််ယန္တရားတွေနဲ့ ပိတ်ဆို့နေပေမယ့် အလုပ်မတွင်ဘဲ မပိတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဩဂုတ် ၈ရက်နဲ့ ၉ရက်မှာ အာဏာသိမ်းစစ် ခေါင်းဆောင် ဧရာဝတီတိုင်းကို လာရောက်ခဲ့စဉ်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် ရေဘေးဟာပိုမို ဆိုးရွားလာသလို သေဆုံးသူဦးရေလည်းများပြားလာပါတယ်။ ‌

လယ်ဧက သိန်းချီရေနစ်မြုပ်နေပြီး ဒေသခံတွေဟာ သွားရေးလာရင်းနဲ့ စားနပ်ရိက္ခာအတွက် အခက်အခဲတွေကြုံတွေ့နေရပါတယ်။ အိမ်တွေကိုစွန့်ခွာပြီး ရေမမြုပ်သေးတဲ့လမ်းမတွေပေါ်မှာ တဲထိုးနေရပါတယ်။ အိမ်တွေလည်းဖောက်ထွင်းခံရပြီး ရေဘေးနဲ့ဆက်စပ်ပြီး ထိခိုက်ပျက်စီးမှုမှုအလွန်များပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ရေဘေးကြောင့် စုစုပေါင်း လူဦးရေ ၆၁၉,၇၆၈ ဦးခန့် ထိခိုက်ခံစားနေရပြီး သေဆုံးသူ ၃၂ ဦးနဲ့ပျောက်ဆုံးသူ ၂ ဦး ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သြဂုတ် ၂၁ရက်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးမှုတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဆုံးအရှုံးတွေကြောင့် ပြည်ပကို ကြက်ဥ တင်ပို့မှုတွေ လျှော့ချထားဖို့ ထိုင်းအာဏာပိုင်တွေက ကြက်မွေးမြူရေး ကုမ္ပဏီတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။

သတင်း

‌ရေဘေးနဲ့ မြေပြိုဘေးရင်ဆိုင်နေရတဲ့ သရက်ချောင်းမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ စက်တင်ဘာ လလယ်ကစလို့ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာသလို အာဏာပိုင်တွေက နောက်ထပ်လည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်လာနိုင်သေးကြောင်း သတိပေးထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook