Connect with us

Hi, what are you looking for?

သတင်း

စလော့ဂိမ်းရှုံးရာမှ လူငယ်တစ်ဦး လူသတ်မှုကျူးလွန်

စလော့ဂိမ်းကစားပြီးငွေလိုနေတဲ့လူငယ်တစ်ဦးက သူငယ်ချင်းရဲ့မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး ​ရွှေ​​ငွေနဲ့အဖိုးတန် ပစ္စည်း​​တွေကိုခိုးယူမှု ရန်ကုန်မြို့မှာဖြစ်ပွားခဲ့ပါတယ်။

(ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊မင်္ဂလာသိဒ္ဓိလမ်းနဲ့ဓမ္မပါလလမ်းထောင့်ကို Google Map မှာ​တွေ့ရစဥ်)

စက်တင်ဘာ-၃၊၂၀၂၆။တာရာ/People’s Spring

စလော့ဂိမ်းကစားပြီးငွေလိုနေတဲ့လူငယ်တစ်ဦးက သူငယ်ချင်းရဲ့မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး ​ရွှေ​​ငွေနဲ့အဖိုးတန် ပစ္စည်း​​တွေကိုခိုးယူမှု ရန်ကုန်မြို့မှာဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ဒေါ်သန်းသန်းနုက ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊မင်္ဂလာသိဒ္ဓိလမ်း နဲ့ ဓမ္မပါလလမ်းထောင့်ရှိ တိုက်အမှတ် (၄၅)၊ ပထမထပ်နေတဲ့ သူငယ်ချင်းဖြစ်သူ အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်မိုးကြည်နေအိမ်သို့သွားရောက်ခဲ့ပါတယ်။ဒေါ်ခင်မိုးကြည်ကို ခေါ်ရာ ခေါ်မရသဖြင့် အိမ်နီးချင်း​တွေနဲ့အတူ အခန်းရဲ့ သံပန်းတံခါးအားဖျက်ပြီး ဝင်ရောက်ကြည့်ရှုခဲ့ရာ အခန်းဝမှာပဲ သွေးအိုင်ထဲမှောက်ခုံအနေအထားနဲ့ စောင်ခြုံလျက်ဒဏ်ရာ ​တွေနဲ့ သေဆုံးနေတဲ့ ​ဒေါ်ခင်မိုးကြည်အ​လောင်းကို​တွေ့ရတာလို့သိရပါတယ် ။

​ဒေါ်ခင်မိုးကြည်ကို သတ်သူဟာ တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်နေ အသက် ၂၀ နှစ်အရွယ် ဉာဏ်စိုး ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ်၊(၆)ရပ်ကွက်ရှိ The Waiting Lodgeဟိုတယ်မှာ စက်တင်ဘာ ၁ ရက်ကဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ စစ်တပ်လက်​အောက်ခံရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ် ။

Public Service Announcement

Public Service Announcement

ဥာဏ်စိုးဟာ ​ဒေါ်ခင်မိုးကြည်ရဲ့သားဖြစ်သူနဲ့သူငယ်ချင်းဖြစ်ပြီးသားဖြစ်သူရှိစဥ်ကအိမ်ကိုလာဖူးသူဖြစ်တယ်လို့ဆိုပါတယ် ။ ​ဒေါ်ခင်မိုးကြည်ခင်ပွန်းဖြစ်သူဟာ ကွယ်လွန်သွားပြီးသားဖြစ်သူဟာမ​လေးရှားနိုင်ငံကိုသွား​ရောက်အလုပ်လုပ်​နေတာ​ကြောင့်တစ်​ယောက်တည်းရှိ​နေစဥ် အသတ်ခံခဲ့ရတာပါ ။​ဒေါ်ခင်မိုးကြည်ဟာ ရခိုင်တိုင်းရင်းသူဖြစ်ပါတယ်။

သူ့ကိုစစ်ဆေးမေးမြန်းရာအွန်လိုင်းစလော့ဂိမ်းရှုံး၍ ငွေလို​​​နေတာ​ကြောင့် သူငယ်ချင်းမိခင်ထံမှလုယက်ရန်ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အခင်းဖြစ်နေအိမ်သို့ သွားခဲ့ကြောင်း၊ နေအိမ်သို့ရောက်ရှိပြီး ဒေါ်ခင်မိုးကြည်မှ တံခါးဖွင့်ပေးစဉ် အသင့်ယူလာတဲ့ ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ထွက်ဆိုတယ်လို့ဆိုပါတယ် ။အဲဒီ​နောက်အခန်းအတွင်းရှိ စားပွဲပေါ်မှ သော့နဲ့ဗီရိုအားဖွင့်ကာ အတွင်းမှ ရွှေထည်ပစ္စည်း​တွေကို လုယက်ယူဆောင်သွားခဲ့တာဖြစ်တယ်လို့ စစ်​ကောင်စီကထုတ်ပြန်ထားပါတယ်။

“အဲဒီစလော့ဂိမ်းက လူငယ်တွေတင်မကဘူး မိသားစုပေါင်းများစွာရဲ့ဘဝတွေကိုပါ ဖျက်ဆီးနေတာ။အယောက် ၁၀၀ မှာ ၉၉ ယောက်လောက်ကစလော့ဂိမ်းကိုဆော့နေတာ။ တချို့ဆိုကုန်းကောက်စရာမရှိလောက်အောင်ကို မွဲသွားကြတယ်။ သတ်သေသွားတဲ့သူတွေတောင်ရှိတယ်။ ဒီဟာကို ထိန်းချုပ်ဖို့လိုနေပြီ။ မဟုတ်ရင်အကုန်ဘဝတွေပျက်တော့မှာ”လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။

အွန်လိုင်း​ငွေလိမ်လုပ်ငန်း-ကျားဖြန့်ဖြစ်တဲ့ ဆ​လော့ဂိမ်းကို စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကစားသူများလာ​တာဖြစ်သလိုစစ်အုပ်စုကလည်းကျားဖြန့်​တွေကိုအ​ယောင်ပြသာနှမ်နင်းဟန်ပြုပြီး စစ်အုပ်စုကိုယ်တိုင်ပါဝင်ပတ်သက်​နေတာ​ကြောင့်ကျားဖြန့်လုပ်ငန်း​တွေပိုမိုကြီးထွား ပျံ့နှံ့လာ​နေတယ်လို့ ကျားဖြန့်လုပ်ငန်း​တွေမှာလုပ်ဖူးသူအချို့က​ပြောပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။