Connect with us

Hi, what are you looking for?

ဗီဒီယို

မန္တလေးတပ်ပေါင်းစုရဲ့လက်ဖက်ရည်ဆိုင်သပိတ်

မန္တ​လေးမြို့တွင် လူငယ်များ၏ သပိတ်စစ်​ကြောင်းများစု​ပေါင်းပြီး လက်ဖက်ရည်ဆိုင်သပိတ်ဖြင့် ယ​နေ့နံနက်တွင် အာဏာရှင်စနစ်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

​မေလ ၁၉ရက်ကလည်း မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ)နှင့် မြို့လူထုတို့ ပူးပေါင်းဆောင်ရွက်ပြီး “လက်ဖက်ရည်သပိတ်”ကို ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတစ်ဝန်းတွင် စစ်အာဏာ ရှင်ကို ကန့်ကွက်ဆန္ဒပြမှုကို စစ်​ကောင်စီတပ်ဖွဲ့များက ​သေနတ်ဖြင့်ပစ်ခတ် ဖြိုခွင်းဖမ်းဆီးမှုများပြုလုပ်​နေ​သော်လည်း လူငယ်များက ​​နေ့စဥ်ရက်ဆက်ဆန္ဒပြမှုများ ပြုလုပ်​နေသည်။

အာဏာသိမ်းစစ်​ကောင်စီ၏ တပ်ဖွဲ့ဝင်​တွေက ပစ်ခတ်သတ်ဖြတ်မှု​တွေ​ကြောင့်စစ်အာဏာသိမ်းပြီး ၁၁၁ရက်အကြာမှာ ကျဆုံးခဲ့သည့်ပြည်သူ ၈၁၅ဦးရှိပြီဖြစ်​ကြောင်း နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေအသင်း(AAPP) က ​ယ​မန်နေ့ (မေလ ၂၂ ရက်)တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ယမန်နေ့မှာ ပြည်သူသုံးဦးထပ်မံကျဆုံးခဲ့​ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုအ​ရေအတွက်သည် AAPP သတင်းရရှိသည့်အ​ရေအတွက်သာဖြစ်ပြီး ကျဆုံးသွား​ပြီးစာရင်းမရရှိသူ​များ၊အသတ်ခံရပြီးအ​လောင်း​ဖျောက်၊စာရင်း​ဖျောက်ခံရသူ​များလည်းရှိသည့်အတွက် အမှန်တစ်ကယ်​သေဆုံးသူစာရင်းမှာ ပိုများနိုင်​ကြောင်း ပြည်သူများက ခန့်မှန်းကြသည်။

စစ်အုပ်စုက အာဏာသိမ်းပြီး ၁၁၁ရက်(​မေလ ၂၂ရက်အထိ) အတွင်းမှာ ဖမ်းဆီးခံရသည့် ပြည်သူ ၅၃၆၇ဦးအထိရှိသလို ၊အခုချိန်ထိဖမ်းဆီးချုပ်​နှောင်ခံရသူ ၄၂၇၁ဦးရှိ နှင့်ဖမ်းဝရမ်းထုတ်ခံရသူ ၁၈၀၂ဦးရှိ​ကြောင်း AAPP ကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ပထမရွာတွင် အိမ်ခြေ (၄၁)အိမ်စာအတွက်ကျပ် ၁၆ သိန်း​ကျော်( ၁,၆၄၀,ဝ၀၀ )ကူညီထောက်ပံ့ခဲ့ပြီး ဒုတိယရွာတွင် အိမ်ခြေ (၁၉) အိမ်စာအတွက် ၇၆၀,၀၀၀ ပေးအပ်လှူဒါန်းကူညီပေးခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြောသည်။