Connect with us

Hi, what are you looking for?

ဗီဒီယို

ကိုဗစ်ဖြစ်ရင် အရေးတကြီး လုပ်ရမယ့်ဟာ

ကိုဗစ်လူနာတွေ မလိုအပ်ဘဲ ဆေးတွေသောက်လို့ ရောဂါထုထောင်းမှုပိုခံကြရပါတယ်။

😮‍💨 ကိုဗစ်လူနာတွေ မလိုအပ်ဘဲ ဆေးတွေသောက်လို့ ရောဂါထုထောင်းမှုပိုခံကြရပါတယ်။
💊 ကိုဗစ်က ဗိုင်းရပ်စ်ရောဂါဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေ သောက်ဖို့မလိုပါဘူး။
💊 ကိုဗစ်ကြောင့်ဖြစ်လာတဲ့ လက္ခတွေပေါ်မှာ မူတည်ပြီး လိုတဲ့ဆေးကိုပဲ လိုသလောက်သောက်ရပါမယ်။
🤒 အဖျား ၁၀၀ ဝန်းကျင်ရှိရင် ပါရာစီတမောသောက်လို့ရပါတယ်။ ပါရာစီတမောကို မလိုအပ်ဘဲ သောက်ရင် အသည်းကိုထိခိုက်စေပါတယ်။
😷 ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေး၊ အရည် ဒါမှမဟုတ် အခဲ တစ်မျိုးမျိုးကို သောက်နိုင်ပါတယ်။
😷 တကယ်လို့ ချွဲသလိပ်ထွက်ရင်‌တော့ သလိပ်ပျော် ချောင်းဆိုးပျောက်ဆေးရည် သောက်နိုင်ပါတယ်။
🤧 နှာစေးရင် နှာဆေးပျောက်ဆေးသောက်နိုင်ပါတယ်။
💧 ဝမ်းပျက်ဝမ်းလျောဖြစ်ရင် BPI ဓာတ်ဆားကို ရေသန့်တစ်လီတာနဲ့ဖျော်သောက်ပါ။ Zinc နဲ့ Folic Acid ပါတဲ့ အားဆေးသောက်နိုင်ပါတယ်။ ဝမ်းပိတ်ဆေးသောက်ဖို့မလိုပါဘူး။
💊 လည်ပင်းနာရင် ဆားရည်ငုံ၊ ဆားရည်နဲ့ ပလုတ်ကျင်းပါ။ ရေများများသောက်ပြီး ငုံဆေး တစ်ခုခု ငုံနိုင်ပါတယ်။
👨‍⚕️ တကယ်လို့ ဝါကျင့်ကျင့်ပျစ်ခဲခဲ သလိပ်ထွက်တယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်ပြီး လူနာနဲ့ သင့်တော်တဲ့ ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားပါလိမ့်မယ်။
❌ ကိုဗစ်ဖြစ်တာနဲ့ ပိုးသတ်ဆေးကြိုအုပ်ရမယ်ဆိုတဲ့ ဆိုရှယ်မီဒီယာပေါ်က အချက်လက်မှားတွေနောက်မလိုက်ပါနဲ့။
🍗🥛 ကိုဗစ်ဖြစ်တာနဲ့ အရေးတကြီးလုပ်ရမှာက အားရှိအောင်စား၊ အိပ်၊ အရည်များများ သောက်ဖို့ပဲ လိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။