Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကိုဗစ်နဲ့ပတ်သက်တဲ့ဆေးအတုတွေ သတိထားဖို့ လို

ဒီဆေးကပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီးတော့ ကနဦးကဂျပန်နိုင်ငံမှာ တုပ်ကွေးရောဂါအတွက်သုံးတဲ့ဆေးဖြစ်ပေမယ့် ကိုဗစ်လူနာတွေထဲမပြင်းထန်တဲ့သာမာန်ဖျားနာယုံလူနာတွေမှာ ပထမပတ်အတွင်းသုံးရင် ရောဂါခံစားရတဲ့ရက်ကိုတိုစေတယ်လို့ ကိုဗစ်ဆိုင်ရာကုသရေးသုံးသပ်ချက်တွေက ဆိုပါတယ်။

ကိုဗစ်လူနာကုသရေးမှာအသုံးပြုတဲ့ Favipiravir ဆေးကို အွန်လိုင်းမှာရောင်းနေတာတွေမှာ အတုတွေပါနိုင်လို့ မဝယ်သင့်ကြောင်းနဲ့ ဒီဆေးက ဆရာဝန်ညွှန်ကြားချက်နဲ့သာသုံးရတဲ့ဆေးဖြစ်တယ်လို့ ထိုင်းအစိုးရတာဝန်ရှိသူက ပြောလိုက်ပါတယ်။

ဒီဆေးကပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီးတော့ ကနဦးကဂျပန်နိုင်ငံမှာ တုပ်ကွေးရောဂါအတွက်သုံးတဲ့ဆေးဖြစ်ပေမယ့် ကိုဗစ်လူနာတွေထဲမပြင်းထန်တဲ့သာမာန်ဖျားနာယုံလူနာတွေမှာ ပထမပတ်အတွင်းသုံးရင် ရောဂါခံစားရတဲ့ရက်ကိုတိုစေတယ်လို့ ကိုဗစ်ဆိုင်ရာကုသရေးသုံးသပ်ချက်တွေက ဆိုပါတယ်။

ဒါပေမယ့် ဒီဆေးကို ကိုဗစ်ကုသရေးမှာ သုံးဖို့ WHO အပါအဝင်ဘယ်အဖွဲ့အစည်းကမှ အတည်ပြုထုတ်ပြန်ထားတာမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာလည်းအဲဒီဆေးကို ကိုဗစ်လူနာတွေအတွက်ဆရာဝန်အချို့သုံးနေတာရှိပြီးအွန်လိုင်းမှာရောင်းချနေတာတွေလည်းရှိပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမြန်မာနိုင်ငံမှာ အသုံးများနေတဲ့ နောက်ဆေးတစ်မျိုး Remdesivir ဆေးကတော့ အိန္ဒိယဘက်မှာ ဆေးအတုဖမ်းမိတဲ့သတင်းတစ်ပုဒ်တွေ့ရပြီး ဖမ်းမိတဲ့ဆေးအတုက Remdesivir ထိုး​ဆေး အလုံး​လေးရာ​ကျော်ဖြစ်တယ်လို့သိရပါတယ်။

Remdesivir ဆေးက ဗိုင်းရပ်စ်ပြန့်ပွားနှုန်းကို ထိန်းချုပ်တဲ့ဆေးဖြစ်ပြီးတော့ ဆေးရုံ၊ ဆေးခန်း ဒါမှမဟုတ်ဆရာဝန်တစ်ဦးဦးအနီးကပ်ကုသမှုပေးနေတဲ့လူနာတွေမှာသာ အဆိုး၊ အပြစ် ချင့်ချိန်ပေးရတဲ့ဆေးဖြစ်ပါတယ်။

ကိုးကား- ဘန်ကောက်ပို့စ်/ အိန္ဒိယသတင်းဌာနများ

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။