Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

😷 ကိုဗစ်နလန်ထချိန်မှာ ဘာတွေစားရမလဲ 🍜

🍲 ကိုဗစ်လူနာတွေမှာ အထူးသဖြင့် အစားသောက်ပျက်ထားတဲ့ ရက်ရှည်ရောဂါခံစားခဲ့ရသူတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ နလန်ထချိန်မှာ အဟာရပြည့်ပြည့်ဝဝ စားဖို့အရေးကြီးပါတယ်။

🍲 ကိုဗစ်လူနာတွေမှာ အထူးသဖြင့် အစားသောက်ပျက်ထားတဲ့ ရက်ရှည်ရောဂါခံစားခဲ့ရသူတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ နလန်ထချိန်မှာ အဟာရပြည့်ပြည့်ဝဝ စားဖို့အရေးကြီးပါတယ်။


💧 အဓိကကတော့ တစ်နေ့ ရေ ၂ လီတာအနည်းဆုံးသောက်ပါ။


🥩 အသား၊ 🐟 ငါး တစ်ရက်ကို တစ်ဆယ်ကျပ်သား စားပါ။


🥚 ကြက်ဥကိုလည်း နေ့တိုင်းစားပေးဖို့လိုပါတယ်။


🥛 ပဲ၊ နို့၊ အဟာရမှုန့် တစ်ခုခုကို တစ်ဖန်ခွက်နီးပါး ၂၀၀ ml သောက်ပါ။


🥬 အစိမ်းရောင်အရွက် တစ်ခုခုအမြဲပါအောင်စားပါ။


🥭 အရည်ရွှမ်းတဲ့အသီး တစ်ခုခုကို ၂ လုံး ဒါမှမဟုတ် ပန်းကန်လုံး ၂ လုံးစာ စားပေးပါ။


🥟 ထမင်း၊ ဖက်ထုပ်၊ ခေါက်ဆွဲ၊ ကြာဇံ တို့ကိုလည်း စားနိုင်သလောက်စားပါ။


🫕 ဟင်းတွေချက်ရာမှာလည်း ဂျင်း၊ ဆနွင်း၊ ငရုပ်ကောင်း၊ ကြက်သွန်ဖြူ၊ အစေ့အဆန်၊ မန်ကျည်းအနှစ် တွေကို ထည့်သုံးပါ။
🍛 နေ့စဉ်စားသမျှထဲ အဲဒါတွေပါပါစေ။


🍳 အစားသောက်တွေ ချက်ပြုတ် ပြင်ဆင်ရာမှာတော့ သံလွင်ဆီနဲ့ နေကြာဆီတွေကို ဦးစားပေးသုံးဖို့သင့်ပါတယ်။


❌ ရှောင်ရမယ့်အစားအစာတွေလည်းရှိပါတယ်။


🥤 အချိုရည်တွေ၊ ငန်တဲ့အစားအစာတွေ၊ ဟင်းအနှစ်တွေ၊ လက်ဖက်သုပ်၊ ကလီစာတွေ၊ ဝက်အူချောင်း၊ ကြက်အူချောင်းနဲ့ အသင့်စားတွေကို မစားသင့်ပါဘူး။


ကိုးကား – ဒေါက်တာဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Trending

Facebook

You May Also Like

သတင်း

NUG အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း ​မြန် မာနိုင်ငံတွင် ရက်သတ္တနှစ်ပတ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု နှစ်ဆတိုးလာသည်ကိုတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏စာရင်းများကို ကိုးကားပြီး သတိပေးသည်။

သတင်း

စစ်​ကောင်စီလက်​အောက်တွင် ကျန်းမာ​ရေး​စောင့်​ရေး​စောင့်​ရှောက်မှုစနစ်ပျက်ယွင်း​နေပြီး ကိုဗစ်ကူးစက်မှုအ​ခြေအ​နေမှန်ကိုသိရှိရန်ခက်ခဲသည်။

သတင်း

ယနေ့ (သြဂုတ် ၂၇ ရက်)ဖြင့် ထုတ်ပြန်သည့် အထက်ပါသတိပေးချက်တွင် ယခုလုပ်ရပ်များအား ရပ်တန်းကမရပ်ဘဲ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

နိုင်ငံတကာ

ကိုဗစ်ရောဂါ စတင် တွေ့ရှိခဲ့တဲ့ ကာလနောက်ပိုင်း နိုင်ငံခေါင်းဆောင်တွေပါ ရောဂါစွဲကပ် ခံစားရတာတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ပြီးတော့ ဘိုင်ဒန် မတိုင်ခင် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်လည်း ရောဂါ ဖြစ်ခဲ့ဖူးတာကြောင့် ဆေးရုံတက် ကုသမှုပါ ခံယူခဲ့ရပါတယ်။