Connect with us

Hi, what are you looking for?

ဗီဒီယို

မန္တလေးမှာ ကိုဗစ်ကြောင့် သေဆုံးကျဆင်းသွားပေမယ့် ကိုဗစ်ကန့်သတ်ချက်တွေတော့ ရှိနေဆဲ

ဇူလိုင်လကုန်ပိုင်း နဲ့ သြဂုတ်လပိုင်းရက်တွေမှာ တစ်နေ့ကို ကိုဗစ်ကြောင့် သေဆုံးသူက အနည်းဆုံး ၂၀၀ ကနေ ၃၀၀ ကျော်ရှိထိခဲ့တယ်လို့ မန္တလေးရှိ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

မန္တလေးမှာ သြဂုတ်လကုန်ပိုင်းလောက်ကစတင်ပြီး ကိုဗစ်ကြောင့် သေဆုံးသူလူတဖြည်းဖြည်းလျော့နည်းလာပေမယ့် ကိုဗစ်ကန့်သတ်ချက်တွေတော့ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ဇူလိုင်လကုန်ပိုင်း နဲ့ သြဂုတ်လပိုင်းရက်တွေမှာ တစ်နေ့ကို ကိုဗစ်ကြောင့် သေဆုံးသူက အနည်းဆုံး ၂၀၀ ကနေ ၃၀၀ ကျော်ရှိထိခဲ့တယ်လို့ မန္တလေးရှိ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

မန္တလေးရှိ အေးရိပ်ငြိမ် သုဿန်နဲ့ တောင်အင်းမြောက်အင်း သုဿန်တို့ကိုပို့ဆောင်ပေးရတဲ့အရေအတွက်ဖြစ်ပြီးတော့ အခုရက်တွေမှာတော့ ၁၀ ဦးဝန်းကျင်ပဲ ရှိတော့တယ်လို့ မန္တလေးရှိ လူမှုကူညီရေးအသင်းတစ်ခုရဲ့ ဥက္ကဌတစ်ဦးက အခုလို ပြောပါတယ်။

ကိုဗစ်ကြောင့် မန္တလေးမှာ စစ်ကောင်စီက သွားလာမှု အချိန်ကန့်သတ်တာတွေပြုလုပ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ည ၁၀ နာရီကနေ နံနက် ၄ နာရီအထိသွားလာခွင့်ကန့်သတ်ထားသလို မြို့နယ်တစ်မြို့နယ်နဲ့ တစ်မြို့နယ်ဖြတ်သန်းသွားလာမယ်ဆိုပါက နယ်ကျော်ကတ်များကို ပြသပြီးသွားလာရတာပါ။2h

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။