Connect with us

Hi, what are you looking for?

ဗီဒီယို

NUG အစိုးရ DDay ကြေညာပြီးနောက် ဈေးဝယ်စင်တာတွေမှာ ဝယ်ယူသူများ

ဈေးဝယ်စင်တာတွေမှာသာ ဝယ်ယူတွေများပေမယ့် ရပ်ကွက်ဈေးတွေမှာတော့ ပုံမှန်အရောင်းအဝယ်ပဲရှိတာကို တွေ့ရပါတယ်။

NUG အစိုးရက DDay ကြေညာတဲ့ စက်တင်ဘာ ၇ ရက်မှာ ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်ယူသူတွေ များပြားခဲ့ပါတယ်။ဝယ်ယူသူတွေအနေနဲ့ တာရှည်ခံတဲ့ အစားအသောက်တွေကို ဝယ်ယူတာများပြီး ခေါက်ဆွဲခြောက်ဝယ်ယူတာကို အများဆုံးတွေ့ရပါတယ်။

ဈေးဝယ်စင်တာတွေမှာသာ ဝယ်ယူတွေများပေမယ့် ရပ်ကွက်ဈေးတွေမှာတော့ ပုံမှန်အရောင်းအဝယ်ပဲရှိတာကို တွေ့ရပါတယ်။

DDay ကြေညာချိန်မှာ ရိက္ခာစုဆောင်းဖို့ တိုက်တွန်းထားပေမယ့် အလုအယက်ဝယ်ယူတာတွေလုပ်ရင် ဈေးတတ်နိုင်တာကြောင့် လိုအပ်သလောက်သာဝယ်ယူဖို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။