Connect with us

Hi, what are you looking for?

ဗီဒီယို

လုံလဲရ် စခန်းသိမ်းတိုက်ပွဲ

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂ဦးသေဆုံးပြီး ချင်းလက်နက်ကိုင်တပ်ဖွဲ့များဘက်က ၈ဦးဒဏ်ရာရကြောင်း CDF ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF) လက်အောက်ခံ ချင်းအမျိုးသားတပ်မတော်(CAN)နှင့် ချင်း​ဒေသကာကွယ်ရေးအဖွဲ့(CDF) တို့ပူးပေါင်းပြီး ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ မြန်မာ-အန္ဒိယနယ်စပ်မှ စစ်ကောင်စီ၏ လုံလဲရ်​ကျေးရွာတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့​သော ဗီဒီယိုဖိုင် ကို ​ဒေသတွင်းသတင်းမီဒီယာတစ်ခုဖြစ်​သော Khumiland News ​ဖေစ်ဘွခ်တွင် ယ​နေ့​ထုတ်လွှင့်လိုက်သည်။

ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို အင်အား ၂၀၀ ကျော်ဖြင့် စက်တင်ဘာ ၁၀ ရက်စတင်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က တိုက်လေယာဉ်အသုံးပြု ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့သည်။

သို့​သော် စက်တင်ဘာ ၁၁ရက် ညပိုင်း၌ အဆိုပါ စခန်းကို အင်အား ၄၀၀ ကျော်ဖြင့် ထပ်မံ တိုက်ခိုက်ရာ နာရီအနည်းငယ် အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း CDFက ထုတ်ပြန်လိုက်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂ဦးသေဆုံးပြီး ချင်းလက်နက်ကိုင်တပ်ဖွဲ့များဘက်က ၈ဦးဒဏ်ရာရကြောင်း CDF ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ယင်းတပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်း ဆည်းရရှိခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ချင်းပြည်နယ်တွင် ယမန်​နေ့က CDF က သိမ်းပိုက်တိုက်ခိုက်​သော လုံလဲရ်စခန်းသည် မြန်မာ-တရုတ်နယ်စပ်တွင် တည်ရှိပြီး စစ်​ရေးအရ အ​ရေးပါ​သော စခန်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။