Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

မန္တလေးသပိတ်စစ်ကြောင်း ဦးဆောင်သူတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးနေ

မနေ့က စက်တင်ဘာလ ၃၀ရက်က တပစစစ်ကြောင်းမှာလိုက်ပါတဲ့ ၄ ဦး ဖမ်းဆီးခံခဲ့ရတာရှိပါတယ်။၃ ဦးကိုသူတို့နေထိုင်တဲ့ နေအိမ်ကိုဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး ကျန် ၁ဦးကိုအခြားနေရာ မှာ ဖမ်းမိခဲ့တာပါ။

မန္တလေးမြို့ရှိ ဆန္ဒပြသပိတ်စစ်ကြောင်း အသီးသီးကဦးဆောင်သူတွေ ကို စစ်ကောင်စီတပ်ဖွ့ဝင်တွေဟာ နောက်ယောက်ခံလိုက်ကာ လိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။

ဆန္ဒပြနေချိန် ဝင်ပြီး ဖမ်းဆီးတာမျိုးမဟုတ်ဘဲ ဆန္ဒပြပြီးအပြန်မှာ လိုက်လံနောက်ယောင်ခံလိုက်ပြီး ဖမ်းဆီးတာမျိုးတွေပြုလုပ်နေတာဖြစ်တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

မနေ့က စက်တင်ဘာလ ၃၀ရက်က တပစစစ်ကြောင်းမှာလိုက်ပါတဲ့ ၄ ဦး ဖမ်းဆီးခံခဲ့ရတာရှိပါတယ်။၃ ဦးကိုသူတို့နေထိုင်တဲ့ နေအိမ်ကိုဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး ကျန် ၁ဦးကိုအခြားနေရာ မှာ ဖမ်းမိခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ရက်ကလည်း သံဃာသမဂ္ဂသပိတ်စစ်ကြောင်းကနေ လိုက်ပါဆန္ဒပြလေ့ရှိသူ ကင်းဝန်မင်းကြီးကျောင်းတိုက်က ဆရာတော် ၁ ပါးကိုလည်း ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီး ၈လကြာတဲ့အထိ မန္တလေးမှာ ဆန္ဒပြသပိတ်စစ်ကြောင်းတွေဟာ နေ့စဉ်ဆန္ဒဖော်ထုတ်လျက်ရှိနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။