Connect with us

Hi, what are you looking for?

ဗီဒီယို

ကင်ဆာကုသမှုမှာ အဆ ၄၀ လောက် အစွမ်းထက်နေတဲ့ ရှီးပဒီးအ​ခြေခံ​ဆေးဝါး

အဲဒီထဲမှာ NUC-7738လို့ ကုဒ်နာမည် မှည့်ထားတဲ့ ဆေးဝါးကတော့ ဟိမဝန္တာနဲ့ ဆက်စပ် တောင်တန်းတွေမှာ ပေါက်ရောက်လေ့ရှိတဲ့ ရှီးပဒီး နွယ်ရှင်တွေကို ပေါင်းစပ် ထည့်သွင်းထားပါတယ်။

ရှီးပဒီး နွယ်ရှင်တွေကို အခြေခံ ထုတ်လုပ်ထားတဲ့ စမ်းသပ်ဆေးဝါး တစ်မျိုးဟာ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးရာမှာ ထိရောက် ထက်မြက်တဲ့ အစွမ်း အာနိသင်တွေ ပြသနေကြောင်း သိရပါတယ်။
ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့ဒ် တက္ကသိုလ်က ပညာရှင်တွေဟာ ဇီဝဆေးပညာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ NuCanaနဲ့ ပူးပေါင်းပြီး ကင်ဆာရောဂါ ကုသတဲ့ ဆေးဝါး ဖော်မြူလာတချို့ စမ်းသပ် တီထွင်ခဲ့ပါတယ်။

အဲဒီထဲမှာ NUC-7738လို့ ကုဒ်နာမည် မှည့်ထားတဲ့ ဆေးဝါးကတော့ ဟိမဝန္တာနဲ့ ဆက်စပ် တောင်တန်းတွေမှာ ပေါက်ရောက်လေ့ရှိတဲ့ ရှီးပဒီး နွယ်ရှင်တွေကို ပေါင်းစပ် ထည့်သွင်းထားပါတယ်။

NUC-7738ဟာ မူလ လေ့လာနေတဲ့ အခြေခံ ဓာတ်ပေါင်းနဲ့ ယှဉ်ရင် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်း အဆ ၄၀ လောက် မြင့်တက်လာကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တချို့ ကန့်သတ် ပမာဏမျိုးနဲ့ ထွက်ပေါ်တတ်ပါတယ်။

ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်တဲ့ Cordycepinလို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ ရှီးပဒီးတွေမှာ သဘာဝအတိုင်း ဖွဲ့စည်းပါဝင်နေပြီး တရုတ် တိုင်းရင်းဆေးတွေမှာ ကင်ဆာနဲ့ တခြားရောင်ရမ်းတဲ့ ရောဂါတွေ ကုသဖို့အတွက် ရာစုနှစ်တွေနဲ့ချီ အစဉ်အဆက် သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဒီဓာတ်ပစ္စည်းဟာ သွေးထဲမှာ ခပ်မြန်မြန် ပြိုကွဲ ပျက်စီးသွားတဲ့အတွက် ကင်ဆာကုသတဲ့ အာနိသင်က လိုအပ်တဲ့ အဖုအကြိတ် နေရာတွေဆီ အနည်းအကျဉ်းလောက်ပဲ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း အောက်စ်ဖို့ဒ် တက္ကသိုလ်က ပညာရှင် အဖွဲ့ဟာ ဒီအာနိသင်ကို ပိုပြီး ရှည်ရှည်ကြာကြာ ထိန်းသိမ်းထားနိုင်အောင် သုတေသနပြု လေ့လာ စမ်းသပ်ခဲ့ပြီး NUC-7738မှာတော့ အလားအလာကောင်းတွေ တွေ့မြင်လာနေပြီလို့ ဆိုပါတယ်။

NuCanaရဲ့ စမ်းသပ်အဆင့် ProTide နည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ထိရောက်မှု အာနိသင် သိသိသာသာ တိုးတက် ကောင်းမွန်လာတဲ့ ကင်ဆာဆေးဝါး တစ်မျိုး ဖော်ထုတ်နိုင်မယ့် လမ်းစဆီ ဦးတည်လာပါတယ်။ ဒါပေမဲ့ လက်တွေ့ ထုတ်လုပ်နိုင်တဲ့ ကင်ဆာကုထုံး အဆင့် ဖြစ်လာဖို့တော့ နောက်ထပ် သုတေသနပြု လေ့လာမှုတွေ အချိန်အတော်ကြာ လုပ်ဆောင်ရဦးမှာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။

သတင်း

အသက် (၇၀) ဝန်းကျင်အရွယ်ဦးအောင်ဝင်းသည်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိမ်းရှောင်နေသူဖြစ်သည်။ ခံဝန်ထိုးရန် စစ်ကောင်စီ၏ကမ်းလှမ်းမှုအား ပယ်ချပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဟု ထားဝယ်မြို့ခံများကပြောသည်။

ဗီဒီယို

စမ်းသပ်ဆဲအဆင့် အဲဒီနည်းကို အသုံးပြု ကုသခဲ့တဲ့ လူနာတစ်ယောက်ဟာ ကင်ဆာရောဂါ လုံးဝဥဿုံ ပျောက်ကင်းသွားပြီး ကျန်တဲ့ လူနာတွေမှာတော့ ကင်ဆာ အကြိတ်တွေက သိသိသာသာ သေးငယ်သွားတယ်လို့ ဆိုပါတယ်။

သတင်း

ရန်ကုန်မြို့ ရှိပုဂ္ဂလိက​ဆေးရုံတစ်ခုဖြစ်သာပင်လုံဆေးရုံကလည်း လတ်တလော အခြေအနေများကြောင့် ဆေးရုံတက်လူနာများ ဆေးလုံလောက်စွာရရှိစေရန်အတွက် ပြင်ပလူနာများကို ၂ ပတ်စာသာ ဆေးဝါးများရောင်းချပေးမည်ဟုမကြာ​သေးခင်ကထုတ်ပြန်ထားသည်။