Connect with us

Hi, what are you looking for?

ဗီဒီယို

လုပ်ကြံမှုက​နေ အသက်ဘေး လွတ်မြောက်ခဲ့တဲ့ အီရတ် ဝန်ကြီးချုပ်

ဘဂ္ဂဒက် မြို့တော်က အစိမ်းရောင်ဇုန် သတ်မှတ်နယ်မြေမှာ ရှိနေတဲ့ ဝန်ကြီးချုပ် နေအိမ်ကို မသမာသူတွေက ဒရုန်းတစ်စီးနဲ့ တိုက်ခိုက်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဒရုန်းမှာ ဖောက်ခွဲရေး ပစ္စည်းတွေ အများအပြား ချိတ်ဆွဲ သယ်ယူလာပြီး ဝန်ကြီးချုပ် နေအိမ်ကို တိုက်ခိုက်ခဲ့တာပါ။

အီရတ် ဝန်ကြီးချုပ် မူစတာဖာ အယ်လ် ခက်ဒ်ဟီမီဟာ လုပ်ကြံမှု တစ်ခုနဲ့ ကြုံခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

ဘဂ္ဂဒက် မြို့တော်က အစိမ်းရောင်ဇုန် သတ်မှတ်နယ်မြေမှာ ရှိနေတဲ့ ဝန်ကြီးချုပ် နေအိမ်ကို မသမာသူတွေက ဒရုန်းတစ်စီးနဲ့ တိုက်ခိုက်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဒရုန်းမှာ ဖောက်ခွဲရေး ပစ္စည်းတွေ အများအပြား ချိတ်ဆွဲ သယ်ယူလာပြီး ဝန်ကြီးချုပ် နေအိမ်ကို တိုက်ခိုက်ခဲ့တာပါ။

အစောပိုင်း သတင်းတွေက နိုဝင်ဘာ ၆ ရက် တိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ် ဒဏ်ရာရပြီး ဆေးရုံ ရောက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အယ်လ် ခက်ဒ်ဟီမီ ကိုယ်တိုင်က သူဟာ အထိအခိုက် မရှိဘဲ လွတ်မြောက်ခဲ့ကြောင်း အတည်ပြုသွားပါတယ်။

အစိမ်းရောင်ဇုန်မှာ အစိုးရ ဌာန အဆောက်အအုံတွေနဲ့ နိုင်ငံခြား သံရုံးတွေ အများအပြား ရှိနေပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံ ကြေညာတာမျိုး မရှိသေးပါဘူး။ အမေရိကန် အစိုးရကတော့ အခုဖြစ်စဉ်ကို အပြင်းအထန် ရှုတ်ချပြီး နောက်ဆက်တွဲ စုံစမ်း ဖော်ထုတ်မှုတွေမှာ အကူအညီပေးဖို့ အီရတ် အစိုးရဆီ ကမ်းလှမ်းထားပါတယ်။

Public Service Announcement

Public Service Announcement

ထောက်လှမ်းရေးဌာန အကြီးအကဲဟောင်း တစ်ဦးဖြစ်တဲ့ အယ်လ် ခက်ဒ်ဟီမီဟာ ပြီးခဲ့တဲ့နှစ်၊ မေလကမှ အီရတ် ဝန်ကြီးချုပ်သစ် ဖြစ်လာတာပါ။ မကြာသေးခင် သီတင်းပတ်တွေအတွင်း အီရန်ရဲ့ မဟာမိတ် နိုင်ငံရေး အင်အားစု တချို့က အစိမ်းရောင်ဇုန် အနားတဝိုက်မှာ ဆန္ဒပြတာမျိုးတွေ ရှိခဲ့ပေမယ့် ဝန်ကြီးချုပ်ကို တိုက်ခိုက်တာဟာ ဒီဆန္ဒပြမှုတွေနဲ့ ဆက်စပ်သလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့လက အီရတ်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ ဆန္ဒပြမှုတွေကနေ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တာကြောင့်လည်း လူပေါင်း ၁၀၀ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

အီရတ်နိုင်ငံမှာ အီရန်ရဲ့ တိုက်ခိုက်မှုနဲ့ ဆက်နွှယ်ပြီး အမေရိကန် စစ်သည်တစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။