Connect with us

Hi, what are you looking for?

ဗီဒီယို

တရုတ်ဟာ အိမ်နီးချင်း နိုင်ငံတွေကို ဗိုလ်ကျမှာ မဟုတ်ဘူးလို့ ရှီကျင့်ဖျင်ပြော

တရုတ်ဟာ ဗိုလ်ကျ စိုးမိုးရေး ဝါဒကို လက်ကိုင်ထားဖို့ လုံးဝ ရည်မှန်းမထားကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က အာဆီယံ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေတဆင့် တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ ဒေသတွင်းက အိမ်နီးချင်း နိုင်ငံငယ်တွေကို အနိုင်ကျင့် ဆက်ဆံတာမျိုး မရှိစေရဘူးလို့ တရုတ်-အာဆီယံ ထိပ်သီး ညီလာခံမှာ ရှီက ဆိုပါတယ်။ လက်တွေ့မှာတော့ တောင်တရုတ်ပင်လယ် ရပ်ဝန်းမှာ တရုတ်ရဲ့ ကြီးစိုးလိုမှုတွေကြောင့် အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံတချို့နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေပါတယ်။

တရုတ် အစိုးရက တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံးကို ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ ကိစ္စဟာ အမေရိကန်နဲ့ ဂျပန်တို့ အတွက်ပါ အာရုံစိုက်ရတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ ရှီကတော့ တရုတ်ဟာ နိုင်ငံငယ်တွေအပေါ် အနိုင်အထက် ပြုကျင့်မှာ မဟုတ်ကြောင်းနဲ့ ဘေးပယောဂ စွက်ဖက်မှုတွေကို အာဆီယံနဲ့အတူ လက်တွဲ ဖယ်ရှားသွားလိုကြောင်း ပြောပါတယ်။

တရုတ်ဟာ အတိတ်မှာရော၊ ပစ္စုပ္ပန်မှာရော၊ အနာဂတ်မှာပါ အာဆီယံအတွက် အိမ်နီးချင်းကောင်း၊ လက်တွဲဖော်ကောင်းအဖြစ် ရပ်တည်နေမယ်လို့ ရှီက ဆိုပါတယ်။ မကြာသေးခင်က တောင်တရုတ် ပင်လယ်မှာ ဖိလစ်ပိုင်နဲ့ တရုတ် ရေယာဉ်တွေ ပဋိပက္ခ ဖြစ်ခဲ့ပြီး တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် သုံးစီးက ဖိလစ်ပိုင်ရဲ့ ထောက်ပံ့ ပို့ဆောင်ရေး လှေတွေကို မီးသတ်ပိုက်နဲ့ လှမ်းထိုးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်က တရုတ်ကို အတိအလင်း ကန့်ကွက်ကြောင်း အသိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံလိုပဲ အခု ညီလာခံမှာလည်း မြန်မာရဲ့ အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်ကို မဖိတ်ကြားခဲ့ပါဘူး။ ရှီက မင်းအောင်လှိုင်ကို အစည်းအဝေး တက်ရောက်ဖို့ အဆိုပြုခဲ့ပေမယ့် အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင် တချို့က ကန့်ကွက်ခဲ့လို့ အထမမြောက်ခဲ့ကြောင်း သံတမန် အသိုက်အဝန်းနဲ့ နီးစပ်သူတွေက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။