Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဗိုလ်ချုပ်ရုပ်ရှင်ထဲက ဒေါ်ခင်ကြည်​ ကွယ်လွန်

မဇာခြည်လင်းဟာ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး အာဏာသိမ်းတဲ့ အချိန်ကတည်းက CDM လှုပ်ရှားမှု​တွေမှာ တတ်တတ်ကြွကြွပါဝင်ခဲ့သူဖြစ်ပါတယ်။

-မဇာခြည်လင်းက CDM ဆရာမတစ်ဦးလည်းဖြစ်

အောင်ဆန်း ရုပ်ရှင်မှာ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်း သွေးကင်ဆာနဲ့ ပုသိမ်ဆေးရုံမှာ ဒီက​နေ့ကွယ်လွန်သွားခဲ့ပါတယ်။

“ဆေးရုံက ရန်ကုန်ကိုလာလာတတ်တာ။ တစ်လတစ်ခါချိန်းတယ်။ အခု ရန်ကုန်ကပြန်သွားတာ ၁၀ ရက်လောက်ပဲရှိသေးတယ်။ သူကအစာမဝင်တော့ အားနည်းပြီးဖြစ်သွားတာ” လို့ မဇာခြည်လင်းရဲ့ ဦးလေးကပြောပါတယ်။

မဇာခြည်လင်းဟာ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး အာဏာသိမ်းတဲ့ အချိန်ကတည်းက CDM လှုပ်ရှားမှု​တွေမှာ တတ်တတ်ကြွကြွပါဝင်ခဲ့သူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကွယ်လွန်ချိန်မှာ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်မှာ နာရေးအစီအစဥ်ပြုလုပ်မယ်လို့ ဦးလေးဖြစ်သူက ​ပြောပါတယ်။ မဇာခြည်လင်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးမယ့်အချိန်ကတည်းက ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။

မဇာခြည်လင်းဟာ သူ့မိခင်နဲ့ မျက်လုံး၊ မျက်ခုံးဆင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မှတ်ချက်ပေးခဲ့တယ်လို့ အောင်ဆန်းရုပ်ရှင် ရိုက်ကူးခြင်း မိတ်ဆက်ပွဲ အခမ်းအနားမှာ မဇာခြည်လင်းကမီဒီယာ​တွေကိုဖြေကြားခဲ့ပါ​သေးတယ်။

နားလိုက်ရိုက်လိုက်နဲ့ ဗိုလ်ချုပိရုပ်ရှင်က ​နောက်ဆုံးမှာ ဒါရိုက်တာလူမင်းက အစဆုံး ရိုက်ကူးခဲ့တာဖြစ်ပြီး အားလုံးနီးပါပြီးစီး​နေပြီလို့ ဒါရိုက်တာလူမင်းက​ပြောထားပါတယ်။

ဒါ​ပေမယ့် အခု​တော့ ဦး​ဆောင်ရိုက်ကူး​မေတဲ့ဒါရိုက်တာလူမင်းက အာဥာရှင်ဆန့်ကျင်မှုနဲ့ အင်းစိန်အကျဥ်း​ထောင်ထဲ​ရောက်ရှိ​​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

သတင်း

နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံးတွင် လွိုင်ကော်တက္က သိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင် စီ၏ ခမရ(၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့သည်။

နိုင်ငံတကာ

တရုတ် အစိုးရပိုင် ရှင်ဟွာလို သတင်းဌာနကြီးတွေမှာတော့ လီရဲ့ ဝန်ကြီးချုပ်ဘဝ ဖြတ်သန်းမှုလို အကြောင်းအရာတွေကို တလေးတနက် ဖော်ပြတာမျိုး မရှိဘဲ သူကွယ်လွန်တဲ့ ကိစ္စကို အတော်လေး သိုသိုသိပ်သိပ်သာ သတင်းရေးသားတာမျိုး တွေ့ရပါတယ်။