Connect with us

Hi, what are you looking for?

ဗီဒီယို

ဗိုလ်ချုပ်ရုပ်ရှင်ထဲက ဒေါ်ခင်ကြည်​ ကွယ်လွန်

မဇာခြည်လင်းဟာ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး အာဏာသိမ်းတဲ့ အချိန်ကတည်းက CDM လှုပ်ရှားမှု​တွေမှာ တတ်တတ်ကြွကြွပါဝင်ခဲ့သူဖြစ်ပါတယ်။

-မဇာခြည်လင်းက CDM ဆရာမတစ်ဦးလည်းဖြစ်

အောင်ဆန်း ရုပ်ရှင်မှာ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်း သွေးကင်ဆာနဲ့ ပုသိမ်ဆေးရုံမှာ ဒီက​နေ့ကွယ်လွန်သွားခဲ့ပါတယ်။

“ဆေးရုံက ရန်ကုန်ကိုလာလာတတ်တာ။ တစ်လတစ်ခါချိန်းတယ်။ အခု ရန်ကုန်ကပြန်သွားတာ ၁၀ ရက်လောက်ပဲရှိသေးတယ်။ သူကအစာမဝင်တော့ အားနည်းပြီးဖြစ်သွားတာ” လို့ မဇာခြည်လင်းရဲ့ ဦးလေးကပြောပါတယ်။

မဇာခြည်လင်းဟာ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး အာဏာသိမ်းတဲ့ အချိန်ကတည်းက CDM လှုပ်ရှားမှု​တွေမှာ တတ်တတ်ကြွကြွပါဝင်ခဲ့သူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကွယ်လွန်ချိန်မှာ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်မှာ နာရေးအစီအစဥ်ပြုလုပ်မယ်လို့ ဦးလေးဖြစ်သူက ​ပြောပါတယ်။ မဇာခြည်လင်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးမယ့်အချိန်ကတည်းက ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။

မဇာခြည်လင်းဟာ သူ့မိခင်နဲ့ မျက်လုံး၊ မျက်ခုံးဆင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မှတ်ချက်ပေးခဲ့တယ်လို့ အောင်ဆန်းရုပ်ရှင် ရိုက်ကူးခြင်း မိတ်ဆက်ပွဲ အခမ်းအနားမှာ မဇာခြည်လင်းကမီဒီယာ​တွေကိုဖြေကြားခဲ့ပါ​သေးတယ်။

နားလိုက်ရိုက်လိုက်နဲ့ ဗိုလ်ချုပိရုပ်ရှင်က ​နောက်ဆုံးမှာ ဒါရိုက်တာလူမင်းက အစဆုံး ရိုက်ကူးခဲ့တာဖြစ်ပြီး အားလုံးနီးပါပြီးစီး​နေပြီလို့ ဒါရိုက်တာလူမင်းက​ပြောထားပါတယ်။

ဒါ​ပေမယ့် အခု​တော့ ဦး​ဆောင်ရိုက်ကူး​မေတဲ့ဒါရိုက်တာလူမင်းက အာဥာရှင်ဆန့်ကျင်မှုနဲ့ အင်းစိန်အကျဥ်း​ထောင်ထဲ​ရောက်ရှိ​​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။