Connect with us

Hi, what are you looking for?

ဗီဒီယို

နိုင်ငံရေးမှာ စစ်တပ် ပါဝင်စွက်ဖက်မှု အဆုံးသတ်ရေး ဆူဒန် ပြည်သူတွေ ဆန္ဒပြ

ပြည်လုံးကျွတ် ဆန့်ကျင် လှုပ်ရှားမှုတွေကြောင့် သမ္မတဟောင်း ဘာရှာ အစိုးရ အဖွဲ့ ပြုတ်ကျသွားခဲ့ပါတယ်။ ၂၀၁၉ မှာ ဆူဒန် စစ်တပ်က ဘာရှာဆီက အာဏာသိမ်းလိုက်တဲ့နောက် စစ်တပ်နဲ့ အရပ်ဖက် ပူးပေါင်းထားတဲ့ ကြားကာလ ညွန့်ပေါင်း အစိုးရ တစ်ရပ်ကို ထူထောင်ခဲ့ပါတယ်။

နိုင်ငံရေး ကဏ္ဍမှာ စစ်တပ်ရဲ့ ပါဝင် စွက်ဖက်မှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆူဒန်နိုင်ငံ အနှံ့မှာ အုံနဲ့ကျင်းနဲ့ ဆင်နွှဲခဲ့ကြကြောင်း သိရပါတယ်။

လူပေါင်း သိန်းနဲ့ချီ များပြားတဲ့ ဆန္ဒပြသူတွေက မြို့တော် ခါတွမ်မှာ ဒီဇင်ဘာ ၁၉ ရက်က စုရုံး ချီတက်ခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ် လူစုခွဲဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါဟာ ဆူဒန်ရဲ့ သက်တမ်းရှည် အာဏာရှင် သမ္မတဟောင်း အိုမာ အယ်လ် ဘာရှာကို ဖြုတ်ချခဲ့တဲ့ လူထု အုံကြွမှုကြီးရဲ့ နှစ်ပတ်လည် ကာလမှာ ဆန္ဒပြပွဲတွေ ပြန်လည် ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ခါတွမ်အပြင် နိုင်ငံအနှံ့က မြို့ရွာတွေ အများအပြားမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ပြည်လုံးကျွတ် ဆန့်ကျင် လှုပ်ရှားမှုတွေကြောင့် သမ္မတဟောင်း ဘာရှာ အစိုးရ အဖွဲ့ ပြုတ်ကျသွားခဲ့ပါတယ်။ ၂၀၁၉ မှာ ဆူဒန် စစ်တပ်က ဘာရှာဆီက အာဏာသိမ်းလိုက်တဲ့နောက် စစ်တပ်နဲ့ အရပ်ဖက် ပူးပေါင်းထားတဲ့ ကြားကာလ ညွန့်ပေါင်း အစိုးရ တစ်ရပ်ကို ထူထောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လမှာတော့ အရပ်သား အစိုးရနဲ့ စစ်တပ် အကြီးအကဲတွေကြား ပဋိပက္ခတွေ ဆိုးရွားလာပြီး စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ဖိအားပေးမှုတွေနဲ့ ပြည်တွင်းမှာ ဆန္ဒပြမှုတွေ မြင့်တက်လာတဲ့နောက် စစ်တပ်က နေအိမ် အကျယ်ချုပ် ချထားတဲ့ ဝန်ကြီးချုပ် အက်ဘ်ဒယ်လာ ဟမ်းဒေါ့ခ်ကို မူလ ရာထူးမှာ ပြန်လည် ခန့်ထားပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ အာဏာသိမ်းတဲ့ လုပ်ရပ်ကနေ နောက်ပြန်ဆုတ်လိုက်ပေမယ့် ဆူဒန်မှာ ဆန္ဒပြပွဲတွေက အရှိန်လျော့မသွားပါဘူး။ အခုအခါမှာ ပြည်သူတွေက စစ်တပ် မပါဘဲ အရပ်သား အစိုးရ စစ်စစ်ကသာ ရာနှုန်းပြည့် တာဝန်ယူ အုပ်ချုပ်တဲ့ နိုင်ငံရေး စနစ်မျိုးအတွက် ဆန္ဒပြ တောင်းဆိုလာတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်မှာတော့ ဆန္ဒပြသူတွေက ခါတွမ်မှာ ရှိနေတဲ့ သမ္မတ နန်းတော်ဆီ ချီတက်ခဲ့ကြပြီး အဲဒီမှာ နေထိုင်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘ်ဒဲလ် ဖာတား အယ်လ် ဘာဟန်ကို ရှုတ်ချ ကြွေးကြော်ခဲ့ကြပါတယ်။ ဘယ်လို အာဏာသိမ်းမှု ပုံစံမျိုးကိုမဆို လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

အောက်တိုဘာလမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုအပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် လူပေါင်း ၄၅ ဦးထက်မနည်း အသက် ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီး အယ်လ် ဘာဟန်ကတော့ ဒီလို သေဆုံးမှုတွေ ဖြစ်ခဲ့တာဟာ စစ်တပ်နဲ့ မဆိုင်ဘဲ ရဲတွေရဲ့ ကိုင်တွယ်ပုံကြောင့်သာ ဖြစ်တယ်လို့ အကြောင်းပြပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။