Connect with us

Hi, what are you looking for?

ဗီဒီယို

ကိုဗစ် လူနာဟောင်း သက်ကြီးရွယ်အို တချို့မှာ အယ်လ်ဇိုင်းမားထက် ပြင်းတဲ့ ဦးနှောက်ထိခိုက်မှုတွေ ဖြစ်ပေါ်

ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူနာတွေနဲ့ ယှဉ်ရင် ရောဂါပျောက်လို့ ဆေးရုံဆင်းလာတဲ့ သက်ကြီးရွယ်အို လူနာဟောင်းတွေမှာ ဦးနှောက် ထိခိုက်တဲ့ အထောက်အထားတွေ ပိုထင်ရှားလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ရောဂါ စွဲကပ် ခံစားခဲ့ရတဲ့ သက်ကြီးရွယ်အို တချို့မှာ အယ်လ်ဇိုင်းမားထက်တောင် ပြင်းထန်တဲ့ ဦးနှောက် ထိခိုက်မှုတွေ ဖြစ်ခဲ့ကြောင်း သုတေသနပြု လေ့လာမှု တစ်ခုက ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

နယူးယောက် တက္ကသိုလ်၊ ဂရော့စ်မန်း ဆေးကျောင်းက သုတေသီတွေဟာ ၂၀၂၀ ပြည့်နှစ်၊ မတ်လက မေလအတွင်း ရောဂါ ကူးစက် ခံရဖူးတဲ့ သက်ကြီးရွယ်အို တချို့ရဲ့ ဦးနှောက် အခြေအနေကို လေ့လာခဲ့ကြပါတယ်။ အဲဒီထဲမှာ အရင်က ဦးနှောက်နဲ့ သက်ဆိုင်တဲ့ ရောဂါ တစ်စုံတရာ မရှိခဲ့ဖူးတဲ့ သက်ကြီးရွယ်အို ၂၅၁ ဦးဟာ ဦးနှောက် ထိခိုက် ယိုယွင်းမှုတွေ အထင်အရှား ဖြစ်ပေါ်နေကြောင်း ဖော်ထုတ် တွေ့ရှိလာပါတယ်။

အဲဒီလို ဖြစ်နေတဲ့ ကိုဗစ်လူနာဟောင်း အားလုံးလိုလိုဟာ ရောဂါလက္ခဏာတွေ ပြင်းထန်လို့ ဆေးရုံတက်ခဲ့ရသူတွေပါ။ ရောဂါ ခံစားရချိန်က တိုတောင်းခဲ့တယ် ဆိုရင်တောင် ဦးနှောက်ကို သက်ရောက်ထိခိုက်မှု လက္ခဏာတွေက အချိန်ကြာကြာ စွဲကျန်နေနိုင်ကြောင်း ဒီသုတေသန ရလဒ်က ညွှန်ပြနေပါတယ်။ တချို့ လူနာဟောင်းတွေရဲ့ ဦးနှောက် ထိခိုက်မှုဟာ ကိုဗစ်ရောဂါ မခံစားရဖူးတဲ့ အယ်လ်ဇိုင်းမား ရောဂါသည်တွေထက်တောင် ပိုကြမ်းတမ်း ပြင်းထန်သေးတယ်လို့ သိရပါတယ်။

ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူနာတွေနဲ့ ယှဉ်ရင် ရောဂါပျောက်လို့ ဆေးရုံဆင်းလာတဲ့ သက်ကြီးရွယ်အို လူနာဟောင်းတွေမှာ ဦးနှောက် ထိခိုက်တဲ့ အထောက်အထားတွေ ပိုထင်ရှားလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကိုဗစ်ဟာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုလို့ ယေဘုယျ သတ်မှတ်ထားပေမယ့် နောက်ဆက်တွဲအဖြစ် ဦးနှောက်နဲ့ အာရုံကြော စနစ်ကိုပါ ရေရှည် ထိခိုက်နိုင်တယ်ဆိုတာ အခုတွေ့ရှိမှုက ညွှန်ပြနေကြောင်း ဦးဆောင် သုတေသီ တစ်ဦးဖြစ်တဲ့ ဂျနီဖာ ဖရွန်တီရာက ပြောပါတယ်။

ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် ခံစားခဲ့ရဖူးတဲ့ လူငယ်ပိုင်း၊ သက်လတ်ပိုင်း အရွယ်တွေထဲက အရမ်းနည်းပါးတဲ့ အချိုးအစားလောက်မှာလည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ နှစ်နဲ့ချီ စွဲကပ်နေတာမျိုး အရင်က တွေ့ရှိဖူးပါတယ်။ အဲဒီထဲမှာ ဦးနှောက် ထိခိုက်တဲ့ လက္ခဏာတွေလည်း ပါဝင်လာနိုင်ခြေ ရှိပါတယ်။ အခုအခါ သုတေသီတွေက အဲဒီလို ကိုဗစ်ကြောင့် ဦးနှောက် ထိခိုက်မှုတွေဟာ အသက်အရွယ် ကြီးရင့်လာချိန်မှာ ဘယ်လိုဘယ်ပုံ သက်ရောက်မှု ရှိလာနိုင်မလဲ ဆိုတာကို တွေးတော စိတ်ပူနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။