Connect with us

Hi, what are you looking for?

ဗီဒီယို

ကုလသမဂ္ဂ ပညာရှင် နှစ်ဦးကို သတ်ဖြတ်မှုအတွက် ကွန်ဂိုမှာ လူ ၅၀ ကျော်ကို သေဒဏ်ချမှတ်

ကွန်ဂို အစိုးရ တပ်တွေနဲ့ စစ်သွေးကြွတွေ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသမှာ ရုပ်အလောင်းတွေ အစုလိုက် အပြုံလိုက် မြှုပ်နှံထားရာ သင်္ချိုင်းနေရာတွေ ရှာဖွေ တွေ့ရှိတာကို သွားရောက် စစ်ဆေးချိန်မှာ အခုလို ဖြစ်ရပ်ဆိုးနဲ့ ကြုံခဲ့ကြရတာပါ။

ကုလသမဂ္ဂက စေလွှတ်တဲ့ ပညာရှင် နှစ်ဦးကို သတ်ဖြတ်မှုအတွက် ကွန်ဂိုမှာ လူပေါင်း ၅၀ ကျော်ကို သေဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

ကွန်ဂို တရားရုံး တစ်ခုက ဒါဇင်နဲ့ချီ များပြားတဲ့ စစ်သွေးကြွ အဖွဲ့ဝင်တွေကို သေဒဏ် ချမှတ်လိုက်ကြောင်း ပြည်တွင်း မီဒီယာတွေက အတည်ပြုခဲ့ပါတယ်။ ဆွီဒင် နိုင်ငံသူ ဇိုင်ဒါ ကာတာလန်နဲ့ အမေရိကန် နိုင်ငံသား မိုက်ကယ်ရှပ်တို့ နှစ်ဦးဟာ ၂၀၁၇ တုန်းက ကာဆိုင်ဒေသမှာ ပြန်ပေးဆွဲ လုပ်ကြံ ခံခဲ့ရတာ ဖြစ်ပါတယ်။

ကွန်ဂို အစိုးရ တပ်တွေနဲ့ စစ်သွေးကြွတွေ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသမှာ ရုပ်အလောင်းတွေ အစုလိုက် အပြုံလိုက် မြှုပ်နှံထားရာ သင်္ချိုင်းနေရာတွေ ရှာဖွေ တွေ့ရှိတာကို သွားရောက် စစ်ဆေးချိန်မှာ အခုလို ဖြစ်ရပ်ဆိုးနဲ့ ကြုံခဲ့ကြရတာပါ။

သူတို့နှစ်ဦးနဲ့အတူ လိုက်ပါသွားတဲ့ စကားပြန် ဘီတူ ရှင်တီလာလည်း အသတ်ခံခဲ့ရပါတယ်။ ရုပ်အလောင်းတွေကိုတော့ ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီး ၁၆ ရက် အကြာမှ ပြန်လည် တွေ့ရှိခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ကုလသမဂ္ဂဟာ လုပ်ကြံမှုအတွက် အကြီးအကျယ် တုန်လှုပ်ခဲ့ရကြောင်း လက်ရှိ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်ဇ်က ပြောပါတယ်။ ပြီးတော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားမျှတမှုကို ဖော်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကာဆိုင်ဒေသမှာ ၂၀၁၇ ကမှ အဆုံးသတ်သွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ ရာနဲ့ချီ များပြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က လူမျိုးစု ခေါင်းဆောင် ကမ်ဝီနာ ဆာပူ အသတ်ခံရပြီး နောက်ပိုင်း စတင်လာတဲ့ မငြိမ်သက်မှုတွေအတွင်း လူပေါင်း ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

အခြေအနေတွေ ငြိမ်းချမ်းသွားချိန်မှာတော့ ဆူဒန် အစိုးရက အထူးစစ်ခုံရုံး တစ်ခု ဖွဲ့စည်းစေပြီး ကုလသမဂ္ဂရဲ့ ပညာရှင်တွေ အသတ်ခံရမှုကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အခုတော့ ၄ နှစ်ကြာ တရားစီရင် စစ်ဆေးမှုတွေဟာ စစ်သွေးကြွ အဖွဲ့ဝင် ၅၁ ဦးကို သေဒဏ် အမိန့်ချလိုက်ခြင်းနဲ့ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆူဒန်မှာ သေဒဏ်ကို အမှန်တကယ် လက်တွေ့ ကျင့်သုံးတာမျိုး သိပ်မရှိတဲ့အတွက် ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်အဖြစ် ပြောင်းလဲသွားနိုင်ခြေ များနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတသက်တမ်းကို ထပ်တိုးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြောင်းအလဲ အဆိုပြုချက်ကြောင့် ကွန်ဂိုမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook