Connect with us

Hi, what are you looking for?

ဗီဒီယို

မိစ္ဆာတွေကို ကျနော်တို့ကတော့ အပြတ်တိုက်ဖို့ပဲရှိတယ်

” သူတွက်တာကတော့ ရွာသားတွေရပ်တည်လို့မရဘူးဆိုရင် သူ့ကိုတော်လှန်တိုက်ခိုက်နေတဲ့ PDF တွေရပ်တည်လို့မရဘူးဆိုတာ သူကအဲ့လိုကလေးအတွေးပဲတွေ့တာလေ” လို့ ဖဒိုစောတာနီးက ပြောပါတယ်။

ပြည်သူကို ရန်သူလို့ရှုမြင်နေတဲ့ စစ်ကောင်စီကို ပြည်သူကလည်း ရန်သူလို ပြန်သဘောထားရမယ်လို့ KNU နိုင်ငံခြားရေးတာဝန်ခံ ဖဒိုစောတာနီးက ပြောလိုက်ပါတယ်။

စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာ စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ်မီးရှို့ပြီး ထိုးစစ်ဆင်တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဖဒိုစောတာနီးက ပြောလိုက်တာပါ။

ရွာသူရွာသားတွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို အကူအညီမပေးရဲအောင် ၊မထောက်ခံရဲအောင် နဲ့အကြောက်တရားဝင်သွားအောင် စစ်ကောင်စီဟာ ရွာလုံးကျွတ်မီးရှို့တာကိုလုပ်ပြနေတာလို့ပြောပါတယ်။

ဒီလိုမီးတင်ရှို့လိုက်လို့ ဒေသခံလူထုရပ်တည်လို့မရရင် တော်လှန်နေတဲ့ PDF တွေလည်း ရပ်တည်လို့ ရတော့မှာမဟုတ်ကြောင်း စစ်ကောင်စီကတွက်ဆထားတယ်လို့ ဖဒိုစောတာနီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

” သူတွက်တာကတော့ ရွာသားတွေရပ်တည်လို့မရဘူးဆိုရင် သူ့ကိုတော်လှန်တိုက်ခိုက်နေတဲ့ PDF တွေရပ်တည်လို့မရဘူးဆိုတာ သူကအဲ့လိုကလေးအတွေးပဲတွေ့တာလေ” လို့ ဖဒိုစောတာနီးက ပြောပါတယ်။

ဒီလိုလုပ်ရပ်တွေကို စစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်ကတည်းက လုပ်လာပေမယ့် ခုထက်ထိ မအောင်မြင်ဘူးလို့ ဖဒိုစောတာနီးက ထောက်ပြပါတယ်။

ဒါပေမယ့် စစ်တပ်ဟာ အခုအချိန်ထိ သင်ခန်းစာ မယူတတ်သေးတာကြောင့် စစ်တပ်ကို အပြုတ်တိုက်ဖို့ ပဲ ရှိတော့တယ်လို့ ဖဒိုစောတာနီးကပြောပါတယ်။

ဒါကြောင့် လူထုအနေနဲ့လည်း တော်လှန်ရေးသမားတွေဖြစ်ကြတယ်လို့ ကိုယ့်ကိုယ်ကို ရှုမြင်ပြီး စစ်ကောင်စီကိုတော်လှန်ကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။