Connect with us

Hi, what are you looking for?

ဗီဒီယို

ဓာတ်ခွဲခန်းက ရောဂါပိုးတွေ ဖျက်ဆီးပစ်ဖို့ ယူကရိန်းကို WHO အကြံပြု

ကမ္ဘာ့နိုင်ငံ တော်တော်များများလိုပဲ ယူကရိန်းက ဓာတ်ခွဲခန်းတွေမှာလည်း ကူးစက်နှုန်း မြန်ဆန်တဲ့ ဗိုင်းရပ်စ် နမူနာတွေ သိုလှောင်ထားတာမျိုး ရှိပါတယ်။ အဲဒီ ဓာတ်ခွဲဌာနတွေ လည်ပတ်နိုင်ဖို့အတွက် အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ WHOတို့က အဓိက ထောက်ပံ့ပေးထားပါတယ်။

မတော်တဆ ရောဂါ ကူးစက်မှုတွေ ဖြစ်လာနိုင်ခြေကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဓာတ်ခွဲခန်းတွေမှာ သိုလှောင်ထားတဲ့ ရောဂါပိုးမွှားတွေကို ဖျက်ဆီးပစ်ဖို့ ယူကရိန်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်တွန်းလိုက်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ပြုမှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းမှာ ကျန်းမာရေး စောင့်ရှောက်မှု ဌာနတွေပါ ပစ်မှတ်ထား တိုက်ခိုက် ခံနေရကြောင်း WHOက အတည်ပြုထားပါတယ်။ ဒါ့အပြင် ဓာတ်ခွဲခန်းတွေပါ ထိခိုက်မိပြီး အဲဒီကနေတဆင့် ကူးစက်နှုန်း မြန်ဆန်တဲ့ ဗိုင်းရပ်စ် ပိုးမွှားတွေ ပျံ့နှံ့သွားမှာကိုပါ WHOက စိုးရိမ်နေပါတယ်။

ဒါကြောင့် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဓာတ်ခွဲခန်းတွေမှာ သုတေသနပြု လေ့လာနေတဲ့ ရောဂါပိုးတွေကို ဖျက်ဆီးထားဖို့ WHOက အကြံပြုခဲ့တာပါ။ ဇီဝလုံခြုံရေး ပညာရှင်တွေကလည်း ယူကရိန်းမှာ ရုရှားစစ်တပ်ရဲ့ လှုပ်ရှားမှုတွေ၊ ဗုံးကြဲမှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေက ဆိုးရွားတဲ့ ရောဂါ ကူးစက်မှုတွေကို အစပြုသွားစေနိုင်ကြောင်း သတိပေးထားပါတယ်။

ကမ္ဘာ့နိုင်ငံ တော်တော်များများလိုပဲ ယူကရိန်းက ဓာတ်ခွဲခန်းတွေမှာလည်း ကူးစက်နှုန်း မြန်ဆန်တဲ့ ဗိုင်းရပ်စ် နမူနာတွေ သိုလှောင်ထားတာမျိုး ရှိပါတယ်။ အဲဒီ ဓာတ်ခွဲဌာနတွေ လည်ပတ်နိုင်ဖို့အတွက် အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ WHOတို့က အဓိက ထောက်ပံ့ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေတွေ အရတော့ ယူကရိန်း ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ ဓာတ်ခွဲခန်းတွေမှာ သိုလှောင်ထားတဲ့ ရောဂါပိုး နမူနာတွေကို ဖျက်ဆီးပစ်ဖို့ ညွှန်ကြားစေလိုကြောင်း WHOက အကြံပြု ပြောကြားထားပါတယ်။ ဘယ်လို ရောဂါပိုးမွှားတွေ သိုလှောင်ထားတယ်၊ ဘယ်လို အမျိုးအစားတွေကို ဖျက်ဆီးရမယ် ဆိုတာကိုတော့ WHOက အသေးစိတ် ထုတ်ပြန်တာမျိုး မရှိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ ယူကရိန်း ကျန်းမာရေး ဝန်ကြီးဌာနနဲ့ အမေရိကန် နိုင်ငံက ယူကရိန်း သံရုံးတို့ကလည်း ဘာမှတ်ချက်မှ မပေးသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။