Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဆီသယ်ကားမှောက်ပြီး မီးလောင်

တစ်နာရီလောက် ငြှိမ်းသတ်ခဲ့ရပြီး အနီးမှာရှိတဲ့ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ အထက်ပါဒေသခံကပြောပါတယ်။

ပြွန်တန်ဆာ မြို့နယ် ပင်းတလဲကျောင်းကွေ့မှာ ဒီနေ့ မနက် ၁၀ နာရီလောက်က ဆီသယ်လာတဲ့ ဆယ်ဘီးယာဉ်တစ်စီးတိမ်းမှောက်ပြီး မီးလောင်ခဲ့ပါတယ်။

ကားက ရန်ကုန်ဘက်ကလာတာဖြစ်ပြီး လမ်းတစ်ဖက်မှာရှိတဲ့ ချောက်ထဲကိုထိုး မီးလောင်ခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

တစ်နာရီလောက် ငြှိမ်းသတ်ခဲ့ရပြီး အနီးမှာရှိတဲ့ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ အထက်ပါဒေသခံကပြောပါတယ်။

မီးလောင်မှုဖြစ်တဲ့အချိန် ကားပေါ်မှာလိုက်ပါလာသူ နှစ်ဦးကို အပြင်ကယ်ထုတ်နိုင်ခဲ့ပြီး တစ်ဦးကတော့ မီးလောင်ဒဏ်ရာ ပြင်းထန်တာကြောင့် ပဲခူးဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၌ အများဆုံးမှာ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ရေမျက်နီရွာဖြစ်စဥ်ဖြစ်ပြီး ဧပြီ ၃ ရက် နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကာ အိမ်ခြေ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

ယနေ့မွန်းလွဲ ၂ နာရီ ၄၀ ခန့်က အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ(၂)လမ်းရှိ စစ်ကောင်စီ စရဖရုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားကာ ယင်းပေါက်ကွဲမှုမှတဆင့် မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်ပျက်စီးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။