Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဥရောပ နိုင်ငံတွေက ရုရှား သံအရာရှိ ၂၀၀ လောက် နှင်ထုတ်ခံရ

ယူကရိန်းက ရုရှားတပ်တွေ ထိန်းချုပ်ထားရာ ဘူချာမြို့မှာ အရပ်သား ပြည်သူ အမြောက်အမြား သတ်ဖြတ် ခံခဲ့ရတဲ့ ဖြစ်စဉ် ပေါ်ပေါက်လာအပြီး ဥရောပ နိုင်ငံတွေက အခုလို သံတမန်ရေးရာအရ အရေးယူ တုံ့ပြန်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ဥရောပ နိုင်ငံတွေဟာ ရုရှား သံအရာရှိ ၂၀၀ လောက်ကို နှင်ထုတ်ခဲ့ကြကြောင်း သိရပါတယ်။

အဲဒီ သံအရာရှိတွေဟာ နယ်နှင်ခံရတာ၊ ဒါမှမဟုတ် သက်ဆိုင်ရာ နိုင်ငံ အစိုးရဆီက မလိုလားကြောင်း ကြေညာခံရတာတွေ ကြုံတွေ့ခဲ့ရပါတယ်။ သံအရာရှိ အများစုဟာ သူလျှို အလုပ်တွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အခုလို နှင်ထုတ် ခံရတာပါ။ လက်တွေ့မှာတော့ ဒါဟာ ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် တုံ့ပြန်မှု တစ်ခုအဖြစ် အလွယ်တကူ သဘောပေါက်နိုင်ပါတယ်။

ယူကရိန်းက ရုရှားတပ်တွေ ထိန်းချုပ်ထားရာ ဘူချာမြို့မှာ အရပ်သား ပြည်သူ အမြောက်အမြား သတ်ဖြတ် ခံခဲ့ရတဲ့ ဖြစ်စဉ် ပေါ်ပေါက်လာအပြီး ဥရောပ နိုင်ငံတွေက အခုလို သံတမန်ရေးရာအရ အရေးယူ တုံ့ပြန်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရက ရုရှား တပ်တွေဟာ ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားသလို ပြင်သစ် အစိုးရကလည်း စစ်ရာဇဝတ်မှု ဖြစ်နိုင်ခြေ ၃ ခုကို စုံစမ်း စစ်ဆေးနေကြောင်း ပြောပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားတပ်တွေဟာ ရက်စက် ကြမ်းကြုတ်လှတဲ့ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တယ်ဆိုတာ သက်သေတွေ အများကြီး ရှိနေကြောင်း ပြောကြားထားပါတယ်။ လတ်တလောမှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ တိုးမြှင့် သတ်မှတ်ထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဥရောပနိုင်ငံ အသီးသီးက ရုရှား သံအရာရှိတွေကို နှင်ထုတ်နေသလို ရုရှား သံရုံးတွေရဲ့ လုံခြုံရေးကလည်း စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။ ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက်စ် မြို့တော်က ရုရှားသံရုံး တံတိုင်းကို ကားတစ်စီး ဝင်တိုက်မိပြီး မီးလောင်ခဲ့တာကြောင့် ယာဉ်မောင်း သေဆုံးခဲ့ပါတယ်။ အီတလီမှာဆိုရင် ရုရှားရဲ့ လူသိများတဲ့ ဝါဒဖြန့်ချိရေး အရာရှိ ဗလာဒီမာ ဆိုလော့ယော့ဗ်ရဲ့ နေအိမ်ကို တစ်စုံတစ်ဦးက မီးတင်ရှို့ခဲ့ပါတယ်။

လောလောဆယ်တော့ ရုရှားဟာ ယူကရိန်း နိုင်ငံရဲ့ မြို့တော် ကိယက်ဗ်ထိ ချီတက် သိမ်းပိုက်မယ့် အစီအစဉ်ကို လက်လွှတ်လိုက်ပြီဖြစ်ပြီး ယူကရိန်း အရှေ့တောင်ပိုင်း ဒေသတွေကို လွှမ်းမိုး ထိန်းချုပ်ဖို့ ပိုမို အားထည့်လာတာကြောင့် အဲဒီနယ်မြေတွေမှာ စစ်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ယူကရိန်း အစိုးရက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။