Connect with us

Hi, what are you looking for?

ဗီဒီယို

ဥရောပ နိုင်ငံတွေက ရုရှား သံအရာရှိ ၂၀၀ လောက် နှင်ထုတ်ခံရ

ယူကရိန်းက ရုရှားတပ်တွေ ထိန်းချုပ်ထားရာ ဘူချာမြို့မှာ အရပ်သား ပြည်သူ အမြောက်အမြား သတ်ဖြတ် ခံခဲ့ရတဲ့ ဖြစ်စဉ် ပေါ်ပေါက်လာအပြီး ဥရောပ နိုင်ငံတွေက အခုလို သံတမန်ရေးရာအရ အရေးယူ တုံ့ပြန်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ဥရောပ နိုင်ငံတွေဟာ ရုရှား သံအရာရှိ ၂၀၀ လောက်ကို နှင်ထုတ်ခဲ့ကြကြောင်း သိရပါတယ်။

အဲဒီ သံအရာရှိတွေဟာ နယ်နှင်ခံရတာ၊ ဒါမှမဟုတ် သက်ဆိုင်ရာ နိုင်ငံ အစိုးရဆီက မလိုလားကြောင်း ကြေညာခံရတာတွေ ကြုံတွေ့ခဲ့ရပါတယ်။ သံအရာရှိ အများစုဟာ သူလျှို အလုပ်တွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အခုလို နှင်ထုတ် ခံရတာပါ။ လက်တွေ့မှာတော့ ဒါဟာ ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် တုံ့ပြန်မှု တစ်ခုအဖြစ် အလွယ်တကူ သဘောပေါက်နိုင်ပါတယ်။

ယူကရိန်းက ရုရှားတပ်တွေ ထိန်းချုပ်ထားရာ ဘူချာမြို့မှာ အရပ်သား ပြည်သူ အမြောက်အမြား သတ်ဖြတ် ခံခဲ့ရတဲ့ ဖြစ်စဉ် ပေါ်ပေါက်လာအပြီး ဥရောပ နိုင်ငံတွေက အခုလို သံတမန်ရေးရာအရ အရေးယူ တုံ့ပြန်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရက ရုရှား တပ်တွေဟာ ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားသလို ပြင်သစ် အစိုးရကလည်း စစ်ရာဇဝတ်မှု ဖြစ်နိုင်ခြေ ၃ ခုကို စုံစမ်း စစ်ဆေးနေကြောင်း ပြောပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားတပ်တွေဟာ ရက်စက် ကြမ်းကြုတ်လှတဲ့ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တယ်ဆိုတာ သက်သေတွေ အများကြီး ရှိနေကြောင်း ပြောကြားထားပါတယ်။ လတ်တလောမှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ တိုးမြှင့် သတ်မှတ်ထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဥရောပနိုင်ငံ အသီးသီးက ရုရှား သံအရာရှိတွေကို နှင်ထုတ်နေသလို ရုရှား သံရုံးတွေရဲ့ လုံခြုံရေးကလည်း စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။ ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက်စ် မြို့တော်က ရုရှားသံရုံး တံတိုင်းကို ကားတစ်စီး ဝင်တိုက်မိပြီး မီးလောင်ခဲ့တာကြောင့် ယာဉ်မောင်း သေဆုံးခဲ့ပါတယ်။ အီတလီမှာဆိုရင် ရုရှားရဲ့ လူသိများတဲ့ ဝါဒဖြန့်ချိရေး အရာရှိ ဗလာဒီမာ ဆိုလော့ယော့ဗ်ရဲ့ နေအိမ်ကို တစ်စုံတစ်ဦးက မီးတင်ရှို့ခဲ့ပါတယ်။

လောလောဆယ်တော့ ရုရှားဟာ ယူကရိန်း နိုင်ငံရဲ့ မြို့တော် ကိယက်ဗ်ထိ ချီတက် သိမ်းပိုက်မယ့် အစီအစဉ်ကို လက်လွှတ်လိုက်ပြီဖြစ်ပြီး ယူကရိန်း အရှေ့တောင်ပိုင်း ဒေသတွေကို လွှမ်းမိုး ထိန်းချုပ်ဖို့ ပိုမို အားထည့်လာတာကြောင့် အဲဒီနယ်မြေတွေမှာ စစ်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ယူကရိန်း အစိုးရက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။