Connect with us

Hi, what are you looking for?

ဗီဒီယို

နှစ်ဆန်းတစ်ရက်ည သံပုံးတီးသပိတ်

နှစ်ဆန်းတစ်ရက်နေ့ ဒီကနေ့ညပိုင်းက ရန်ကုန်မြို့မှာ တော်လှန်ရေးအင်အားစုတွေတိုက်တွန်းထားတဲ့ သံပုံးတီးသပိတ်ဆင်နွဲခဲ့ပါတယ်။

ည ၈ နာရီကစပြီးမိနစ်အတော်ကြာ သံပုံးတီးခဲ့ကြတာဖြစ်ပါတယ်။

သံပုံးတီးတဲ့အလေ့အထက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအနေနဲ့ပြုလုပ်ကြတာဖြစ်ပြီး အာဏာသိမ်းတဲ့ကာလမှာစတင်လုပ်ဆောင်ခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် အဲဒီလှုပ်ရှားမှု ရပ်နားထားတာ ကာလအပိုင်းအခြားတစ်ခုရှိခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း တော်လှန်ရေးအင်အားစုတွေ အခုလို နှိုးဆော်ချိန်တိုင်းမှာတော့ ပြည်သူတွေက တတ်တတ်ကြွကြွပါဝင်လေ့ရှိကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်၊ ရွှေဘိုနဲ့ အရာတော်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီသာအလိုရှိကြောင်း" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ တော်လှန်ရုပ်ရှင်ပြသတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (မတ်လ ၂၇) မှာ ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။