Connect with us

Hi, what are you looking for?

ဗီဒီယို

ဘင်္ဂလားဒေ့ရှ်မှာ ဆိပ်ကမ်းမီးလောင်ပြီး ၁၆ ဦးထက်မနည်း သေဆုံး

မီးငြှိမ်းသတ်နေတုန်း နောက်ထပ် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ခဲ့ချိန်မှာလည်း ဒဏ်ရာရသူတွေ အများအပြား တိုးလာခဲ့ပါတယ်။ စာရင်း အတိအကျ ပြောဖို့ ခက်နေပေမယ့် မီးသတ်ဝန်ထမ်း ၄၀ လောက်နဲ့ ရဲဝန်ထမ်း ၁၀ ယောက်လောက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ရဲဌာန အကြီးအကဲ အဘူလ်ကာလမ် အက်ဇာက ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကုန်တင်ကုန်ချ ဆိပ်ကမ်းတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ၁၆ ဦးထက်မနည်း သေဆုံးပြီး ၁၇၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

မေလ ၄ ရက် ညပိုင်းက စစ်တကောင်း မြို့နားမှာရှိတဲ့ ဆီတာကုန်ဒါ ဆိပ်ကမ်းမှာ ပြင်းထန်တဲ့ မီးလောင်မှု ဖြစ်ခဲ့တာပါ။ မီးလောင်မှုနဲ့အတူ ဆိပ်ကမ်း ဧရိယာထဲမှာ ပေါက်ကွဲသံတွေပါ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဆိပ်ကမ်းဟာ ကွန်တိန်နာတွေ အများအပြား သိုလှောင်ထားတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့တဲ့ မီးသတ် ဝန်ထမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။ စစ်တကောင်း ဆရာဝန်များ အစည်းအရုံးရဲ့ အကြီးအကဲ အီလီရက်စ် ချောင်ဒူရီက ဒဏ်ရာရသူတွေထဲမှာ အခြေအနေ ဆိုးရွားလွန်းသူတွေ ပါဝင်နေတာကြောင့် အသေအပျောက် ပမာဏ မြင့်တက်လာနိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

မီးငြှိမ်းသတ်နေတုန်း နောက်ထပ် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ခဲ့ချိန်မှာလည်း ဒဏ်ရာရသူတွေ အများအပြား တိုးလာခဲ့ပါတယ်။ စာရင်း အတိအကျ ပြောဖို့ ခက်နေပေမယ့် မီးသတ်ဝန်ထမ်း ၄၀ လောက်နဲ့ ရဲဝန်ထမ်း ၁၀ ယောက်လောက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ရဲဌာန အကြီးအကဲ အဘူလ်ကာလမ် အက်ဇာက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်တစ်နေ့ မနက်ပိုင်းထိ မီးလောင်ပြင်မှာ ပျံ့နှံ့ လောင်ကျွမ်းနေတဲ့ မီးတွေကို မီးသတ်တပ်ဖွဲ့က ထိန်းချုပ် ငြှိမ်းသတ်ဖို့ ကြိုးစားနေဆဲပါ။ မီးလောင်ရင်း ပေါက်ကွဲတဲ့ အရှိန်တွေက ပြင်းလွန်းတာကြောင့် ဆိပ်ကမ်းတဝိုက် နေအိမ်တွေက မှန်ပြတင်းပေါက်တွေပါ ကွဲကြေကုန်ပါတယ်။

ထိခိုက်ပျက်စီးမှု တန်ဖိုးကို တိတိကျကျ မပြောနိုင်သေးပေမယ့် ဆိပ်ကမ်းမှာ ရှိနေတဲ့ ကွန်တိန်နာ ထောင်ဂဏန်းလောက် မီးလောင်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။