Connect with us

Hi, what are you looking for?

ဗီဒီယို

အယုံအကြည်မရှိအဆို မဲခွဲမှုကို ကျော်လွှားနိုင်ခဲ့တဲ့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်

ဂျွန်ဆန်ဟာ ဝန်ကြီးချုပ် အိမ်တော်မှာ ဆက်မြဲနေတယ် ဆိုပေမယ့် ကွန်ဆာဗေးတစ် ပါတီထဲမှာ သူ့ကို ပုန်ကန်တဲ့ အင်အားစု ကြီးထွားလာနေတဲ့ ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရတော့ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

သူ့ရဲ့ ဝန်ကြီးချုပ်ရာထူး တာဝန်ယူမှုအပေါ် လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတစ်ရပ် တင်သွင်းခံရတာကို ဘောရစ် ဂျွန်ဆန်က အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ပါတယ်။

ကိုဗစ် ကပ်ရောဂါ ဖိစီးနေတဲ့ ကာလအတွင်း ဝန်ကြီးချုပ် အိမ်တော်နဲ့ အစိုးရ ဌာနတချို့မှာ ပါတီပွဲတွေ ကျင်းပခဲ့ပြီး ဂျွန်ဆန်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သူ့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို လွှတ်တော်မှာ စိန်ခေါ် မေးခွန်းထုတ်တာမျိုး ကြုံခဲ့ရတာ ဖြစ်ပါတယ်။ အရှက်ရစရာ အဲဒီ ဖြစ်ရပ်ကို ဗြိတိန် မီဒီယာတွေက ပါတီဂိတ်လို့ ညွှန်းဆိုကြပါတယ်။

အယုံအကြည်မရှိ အဆို မဲခွဲမှုနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ ဝန်ကြီးချုပ်ဟာ ထောက်ခံမဲအင်အား ၅၉ ရာခိုင်နှုန်းထိ ရရှိခဲ့ပါတယ်။ ဂျွန်ဆန်က ဒီပမာဏဟာ ပြတ်သားတဲ့ ရလဒ်တစ်ခုလို့ ကြွေးကြော်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ သူကိုယ်စားပြုတဲ့ ကွန်ဆာဗေးတစ် ပါတီထဲမှာ ဂျွန်ဆန်အပေါ် ဆန့်ကျင်ရပ်တည်သူတွေ များလာတာကို တွေ့လာရပါတယ်။

လွှတ်တော်က ရွေးကောက်ခံ ကွန်ဆာဗေးတစ် အမတ်တွေထဲမှာ ဂျွန်ဆန်ရဲ့ ဦးဆောင်မှုကို ထောက်ခံမဲ ပေးသူ ၂၁၁ ဦး ရှိခဲ့ပြီး ၁၄၈ ဦးက ဆန့်ကျင် ရပ်တည်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အယုံအကြည်မရှိ အဆို တင်သွင်းမှုကနေ တစ်ကြိမ် ကျော်လွှားနိုင်ခဲ့တဲ့အတွက် ဂျွန်ဆန်ဟာ ကွန်ဆာဗေးတစ် ပါတီထဲမှာ သူ့ရဲ့ ခေါင်းဆောင် နေရာကို စိန်ခေါ်လာတာမျိုးကနေ အနည်းဆုံး ၁ နှစ်လောက် ကင်းလွတ်ခွင့် ရနေတော့မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဂျွန်ဆန်ဟာ ဝန်ကြီးချုပ် အိမ်တော်မှာ ဆက်မြဲနေတယ် ဆိုပေမယ့် ကွန်ဆာဗေးတစ် ပါတီထဲမှာ သူ့ကို ပုန်ကန်တဲ့ အင်အားစု ကြီးထွားလာနေတဲ့ ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရတော့ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဂျွန်ဆန်ဟာ ဝန်ကြီးချုပ်ဟောင်း ထရစ်ဆာမေရဲ့ နေရာကို ဆက်ခံဖို့အတွက် ယှဉ်ပြိုင်ခဲ့စဉ်က လွှတ်တော်ထဲမှာ ထောက်ခံမှု အင်အား ၆၃ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဆာကီရာ စထရာမာက လက်ရှိ မဲအခြေအနေတွေကို ကြည့်ရင် ကွန်ဆာဗေးတစ် ပါတီထဲမှာ သွေးကွဲမှုတွေ ရှိနေတာ မြင်သာစေတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။