Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

“နိုင်ငံတကာအသိုင်းအဝိုင်း အရင်ကလို စိတ်ကူးမယဉ်ကြဖို့ ပြောချင်တာပဲ”

စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုအပေါ် KNU ရဲ့ သဘောထားနဲ့ ဖြစ်ပေါ်လာနိုင်မယ့်အခြေအနေတွေကို KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို မေးမြန်းထားတာပဲဖြစ်ပါတယ်။

ပဒိုစောတောနီး

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို သေဒဏ်စီရင်တဲ့စစ်ကောင်စီကိုပြင်းပြင်းထန်ထန်အရေးယူသင့်ပြီး စစ်ကောင်စီကိုသိမ်မွေ့တဲ့နည်းလမ်းတွေနဲ့ ချည်းကပ်လို့မရဘူးလို့ဆိုတာ နိုင်ငံတကာကိုပြသလိုက်တာဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

စစ်ကောင်စီနဲ့စေ့စပ်ဆွေးနွေးမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုတွေ နိုင်ငံတကာအနေနဲ့မလုပ်ကြဖို့ကိုလည်း ပဒိုစောတောနီးက ပြောလိုက်ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ရှုံးမဲ မဲတဲ့လုပ်ရပ်သာဖြစ်ပြီး ထိတ်လန့်တုန်လှုပ်မှုကို ဖော်ပြနေတယ်လို့ပဒိုစောတောနီးကဆိုပါတယ်။ လူထုကတော့ စစ်ကောင်စီအပေါ် မုန်တီးရွံရှာလာမှာဖြစ်ပြီး စိတ်ခေါ်တိုက်ပွဲဝင်မယ့်သူတွေ နဲ့ပြင်းပြင်းထန်ထန်ဖြစ်လာတော့လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုအပေါ် KNU ရဲ့ သဘောထားနဲ့ ဖြစ်ပေါ်လာနိုင်မယ့်အခြေအနေတွေကို KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို မေးမြန်းထားတာပဲဖြစ်ပါတယ်။