Connect with us

Hi, what are you looking for?

ဗီဒီယို

နေအိမ် စီးနင်း ရှာဖွေခံရတဲ့ကိစ္စအပေါ် တရားရေးဌာနကို ဥပဒေကြောင်းအရ တုံ့ပြန်လိုက်တဲ့ ထရမ့်

FBIက သူတို့ ယူဆောင်သွားတဲ့ထဲမှာ ထိပ်တန်း လျှို့ဝှက်အဆင့် မှတ်တမ်းမှတ်ရာတွေ ပါဝင်နေကြောင်း မှတ်ချက် ပေးခဲ့ပေမယ့် ထရမ့်ကတော့ သူဟာ ဘာမှ အမှားအယွင်း လုပ်မထားကြောင်းနဲ့ FBI လက်ထဲက မှတ်တမ်းတွေကလည်း ထိပ်တန်းလျှို့ဝှက် အဆင့်တွေ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

သူပိုင်ဆိုင်တဲ့ ဇိမ်ခံ စံအိမ်ကြီးထဲ FBI ထောက်လှမ်းရေး အေးဂျင့်တွေ ဝင်ရောက် စီးနင်း ရှာဖွေခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် တရားရေး ဝန်ကြီးဌာနကို ဒေါ်နယ်လ်ထရမ့်က ဥပဒေကြောင်းအရ တုံ့ပြန်လာခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ သမ္မတဟောင်း ထရမ့်ပိုင်ဆိုင်တဲ့ မာအာလာဂို စံအိမ်ကြီးကို အခုလ အစောပိုင်းမှာ FBI အေးဂျင့်တွေက ဝင်ရောက်စီးနင်း ရှာဖွေပြီး စာရွက်စာတမ်းတွေ သိမ်းယူသွားခဲ့ပါတယ်။ အမေရိကန် နိုင်ငံသမိုင်းမှာ သမ္မတဟောင်း တစ်ဦးရဲ့အိမ်ကို FBIက ဝင်ရှာတဲ့ အခုလို ဖြစ်စဉ်မျိုး အရင်က မရှိခဲ့ဖူးပါဘူး။

ထရမ့်ရဲ့ ရှေ့နေတွေက တရားသူကြီး တစ်ယောက်ဆီ ဦးတိုက်လျှောက်ထားပြီး တရားရေး ဝန်ကြီးဌာနက အဲဒီ စာရွက်စာတမ်းတွေ စစ်ဆေးနေမှုကို ရပ်ဆိုင်းပေးစေဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး FBIက အပ်နှံထားတဲ့ စာရွက်စာတမ်းတွေကို ဆက်စစ်ဆေးမယ် ဆိုရင်တောင် အစိုးရက ခန့်အပ်တာ မဟုတ်တဲ့ သီးခြားလွတ်လပ်တဲ့ ရှေ့နေတစ်ဦးကို ဦးစီးစေဖို့လည်း ထရမ့်ရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့က အဆိုပြုထားပါတယ်။

အမေရိကန်ရဲ့ ဥပဒေတွေအရ သမ္မတဟောင်း တစ်ဦးဟာ သူ့ရဲ့ ရာထူးသက်တမ်းအတွင်း ကိုင်တွယ်စီမံခဲ့တဲ့ စာရွက်စာတမ်းတွေ၊ အီးမေးလ်တွေ အားလုံးကို အမျိုးသား မော်ကွန်းတိုက်ဆီ လွှဲပြောင်းပေးခဲ့ဖို့ လိုပါတယ်။ FBIက သူတို့ရဲ့ စီးနင်းရှာဖွေမှုဟာ ထရမ့်အနေနဲ့ အဲဒီမှတ်တမ်းမှတ်ရာတွေကို စည်းမျဉ်းနဲ့အညီ ကိုင်တွယ်ခဲ့သလား ဆိုတာကို စိစစ်ဖို့ ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီကတော့ ဒီကိစ္စဟာ ဒီမိုကရက် ပါတီဝင် လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံရေးအရ ထိုးနှက်တဲ့ လုပ်ရပ် တစ်ခုလို့ စွပ်စွဲကြပါတယ်။ ဩဂုတ် ၈ ရက်က စီးနင်းရှာဖွေမှုဟာ FBI အေးဂျင့်တွေဟာ စာရွက်စာတမ်းနဲ့ မှတ်တမ်းဖိုင် ၁၁ ခုကို သေတ္တာတွေထဲ ထည့်ပြီး သယ်ယူသွားခဲ့ပါတယ်။

FBIက သူတို့ ယူဆောင်သွားတဲ့ထဲမှာ ထိပ်တန်း လျှို့ဝှက်အဆင့် မှတ်တမ်းမှတ်ရာတွေ ပါဝင်နေကြောင်း မှတ်ချက် ပေးခဲ့ပေမယ့် ထရမ့်ကတော့ သူဟာ ဘာမှ အမှားအယွင်း လုပ်မထားကြောင်းနဲ့ FBI လက်ထဲက မှတ်တမ်းတွေကလည်း ထိပ်တန်းလျှို့ဝှက် အဆင့်တွေ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခုအခါ ထရမ့်ဖက်က ဥပဒေကြောင်းအရ တုံ့ပြန်လာတာကို သိရှိထားပြီးဖြစ်ကြောင်း တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပေမယ့် ဌာနဖက်က သဘောထား မှတ်ချက် မပေးသေးပါဘူး။ ထရမ့်ဟာ သူ့အိမ်ကနေ FBI အေးဂျင့်တွေ ယူဆောင်သွားတဲ့ ပစ္စည်းစာရင်းကို အသေးစိတ် ပြုစုထားပြီး စံသတ်မှတ်ချက် ကိုက်ညီတဲ့ ဝရမ်းမျိုးနဲ့ မဟုတ်ဘဲ သိမ်းယူသွားတဲ့အတွက် အဲဒီပစ္စည်းတွေကို အစိုးရက ချက်ချင်း ပြန်ပေးဖို့ပါ တောင်းဆိုထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေး ဗျူရို (FBI) နဲ့ ထိုင်းအစိုးရတို့က ကျားဖြန့် အပါအဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ သဘောတူညီမှုရရှိခဲ့​ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်စုအတွင်းက မွန်ပြည်သစ်ပါတီ(NMSP) တပ်ရဲ့ ကင်းစခန်းတခုကို စစ်တပ်ကစီးနင်းပြီး မွန်တပ် ရဲဘော်တွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။