Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဘနွန်မှာ စကားများပြီး သေနတ်ပစ်ဖောက်ရာက ဆီတင် ထရပ်ကား ပေါက်ကွဲပြီး လူ ၂၀ ကျော်သေဆုံး

ထရပ်ကား မီးလောင်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ မျက်မြင်တွေရဲ့ ပြောဆိုမှုတွေ ကွဲလွဲနေပြီး တချို့ကလည်း လူတစ်ဦးက မီးခြစ် ခြစ်လိုက်ရာ စတင်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

လက်ဘနွန် နိုင်ငံမှာ စကားများရင်း သေနတ်တွေ ပစ်ဖောက်ရာက ဆီတင် ထရပ်ကားကို ထိမှန် ပေါက်ကွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

ဩဂုတ် ၁၅ ရက်က နိုင်ငံမြောက်ပိုင်း၊ အက္ကာဒေသမှာ ဆီတင် ထရပ်ကားတစ်စီး ပေါက်ကွဲ မီးလောင်ခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုပါတယ်။ လက်ဘနွန်ဟာ လောင်စာဆီ ပြတ်တောက်မှုတွေနဲ့ ကြုံနေတဲ့ နိုင်ငံဖြစ်ပြီး ဆီဆိုင်တွေမှာ ခွဲတမ်းနဲ့ ရောင်းချပေးနေသလို ကားတန်းရှည်ကြီး တန်းစီနေရလေ့ ရှိပါတယ်။

အခု ဖြစ်စဉ်မှာတော့ အယ်လ်တာလီ မြို့ထဲက တရားမဝင် သိုလှောင်ထားတဲ့ လောင်စာဆီတွေကို သိမ်းဆည်း ရမိခဲ့တဲ့နောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို ဝေငှပေးနေတုန်း ပြဿနာ တက်ခဲ့တာလို့ ဆိုပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားချိန်က ဆီတင် ထရပ်ကားနားမှာ လူ ၂၀၀ ကျော်လောက် စုဝေးနေတယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။ အသေအပျောက် ၂၀ ကျော် ရှိမယ်လို့ ခန့်မှန်းထားပေမယ့် ဒီထက် များနိုင်သလို အပြင်းအထန် ဒဏ်ရာရသွားသူ တော်တော်များများလည်း ရှိခဲ့ပါတယ်။

ဆီတွေ ဝေငှပေးမယ် ဆိုတာကို သိတော့ အပြေးအလွှား သွားရောက် တိုးဝှေ့ကြကြောင်း၊ နောက်တော့ အချင်းချင်း စကားများပြီး သေနတ်တွေ ပစ်ဖောက်ရာက ဆီတင်ကားကို ထိမှန်သွားတာဖြစ်ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ဆီဝေပေးနေတဲ့ ရဲနဲ့ စစ်သားတွေလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒေသတွင်းက ဆေးရုံတွေမှာတော့ မီးကျွမ်းပြီး ရောက်ရှိလာတဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါ ခွဲခြား ဖော်ထုတ်ဖို့တောင် ခက်ခဲနေပါတယ်။ ထရပ်ကား မီးလောင်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ မျက်မြင်တွေရဲ့ ပြောဆိုမှုတွေ ကွဲလွဲနေပြီး တချို့ကလည်း လူတစ်ဦးက မီးခြစ် ခြစ်လိုက်ရာ စတင်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

လက်ဘနွန်ဟာ ဘက်ပေါင်းစုံ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး လောင်စာဆီ ပြတ်တောက်မှုကြောင့် လာမယ့် ရက်ပိုင်းတွေအတွင်း ဆေးရုံတွေတောင် ပိတ်ရနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါ့အပြင် ဆေးဝါးပစ္စည်းနဲ့ တခြား အရေးကြီး လူသုံးကုန် ပစ္စည်းတွေလည်း ရှားပါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အပြန်အလှန် တိုက်ခိုက်နေမှုတွေကို ရပ်ဖို့ ပြည်တွင်းအခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့က သဘောတူ လက်ခံခဲ့ကြောင်း လက်ဘနွန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

လက်ဘနွန်နိုင်ငံ ပိုင်နက်ထဲက ရှေးဟောင်း သမိုင်းဝင် ရဲတိုက်ကြီး တစ်ခုကို အစ္စရေး တပ်တွေက ထိန်းချုပ် သိမ်းယူလိုက်ပါတယ်။

နိုင်ငံတကာ

အပစ်ရပ် ကာလကို နောက်ထပ် ၄၅ ရက် ထပ်တိုးဖို့ အစ္စရေးနဲ့ လက်ဘနွန်ကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။