Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမျိုးသား၊ အမျိုးသမီး ရောနှော ပညာသင်ခွင့် မပေးတော့ဘူးလို့ တာလီဘန်တွေ ကြေညာ

အာဖဂန်ကို အုပ်စိုးဖူးတဲ့ တာလီဘန်တွေဟာ တင်းကျပ်တဲ့ ဘာသာရေး အခြေခံ အစွန်းရောက် စည်းမျဉ်းတွေကို ကျင့်သုံးခဲ့သလို အမျိုးသမီးတွေကိုလည်း ပညာသင်ခွင့် မပြုခဲ့ပါဘူး။

အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်ကို ပိတ်ပင်မှာ မဟုတ်ပေမယ့် အမျိုးသားတွေနဲ့ တစ်ကျောင်းတည်း အတူတက်ခွင့်တော့ ပေးမှာ မဟုတ်ဘူးလို့ တာလီဘန်တွေက ကြေညာလိုက်ပါတယ်။

အာဖဂန် နစ္စတန် တစ်နိုင်ငံလုံးကို ထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့နောက် တာလီဘန် စစ်သွေးကြွတွေဟာ အစိုးရသစ်တစ်ရပ် ပီပီပြင်ပြင် ဖွဲ့စည်းဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အရင်က အာဖဂန်ကို အုပ်စိုးဖူးတဲ့ တာလီဘန်တွေဟာ တင်းကျပ်တဲ့ ဘာသာရေး အခြေခံ အစွန်းရောက် စည်းမျဉ်းတွေကို ကျင့်သုံးခဲ့သလို အမျိုးသမီးတွေကိုလည်း ပညာသင်ခွင့် မပြုခဲ့ပါဘူး။

အခုတစ်ကြိမ် အစိုးရ ဖွဲ့စည်းချိန်မှာတော့ အမျိုးသမီးတွေ ပညာသင်ကြားခွင့် အပါအဝင် အခြေခံ အခွင့်အရေးတွေ ရရှိစေမယ်လို့ တာလီဘန်တွေက ကတိပြုထားပါတယ်။ ဒါပေမဲ့ အမျိုးသားတွေနဲ့ မရောနှောဘဲ သီးသန့် ကျောင်းတွေ၊ တက္ကသိုလ်တွေမှာပဲ စာသင်ခွင့် ရမယ်လို့ အဆင့်မြင့် ပညာရေးဌာန ဝန်ကြီး အက်ဘ်ဒူလ် ဘာကီ ဟက်ကွာနီက ပြောပါတယ်။

တာလီဘန်တွေဟာ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်ထိ အာဖဂန်ကို အုပ်စိုးခဲ့ဖူးပြီး အမျိုးသမီးတွေကို ကျောင်းနဲ့ တက္ကသိုလ်တွေ တက်ရောက်ခွင့် မပေးခဲ့ပါဘူး။ လက်ရှိ ကာလမှာ အမျိုးသမီးတွေ ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့်တွေ ရရှိစေမယ်လို့ ပြောပေမယ့် ဩဂုတ် ၁၅ ရက် နောက်ပိုင်း အမျိုးသမီး ဝန်ထမ်း တော်တော်များများကို အလုပ်ခွင် မလာဖို့ တာလီဘန်တွေက ညွှန်ကြားထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီး ဟက်ကွာနီက အမျိုးသမီးတွေ ကျောင်းတက်တဲ့အခါ သတ်မှတ်ထားတဲ့ ဝတ်စားဆင်ယင်မှု ပုံစံကို လေးစား လိုက်နာဖို့တော့ လိုလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ကျောင်းသူကျောင်းသား ရောနှော ပညာသင်တဲ့ စနစ်ကို ဖျက်သိမ်းဖို့ ဘာပြဿနာမှ မရှိကြောင်း၊ အာဖဂန် ပြည်သူတွေဟာ မွတ်ဆလင်တွေ ဖြစ်တဲ့အတွက် ဒီအပြောင်းအလဲကို အလွယ်တကူ လက်ခံမှာဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

လေ့လာသူတွေကတော့ ဒီကန့်သတ်ချက်ဟာ အမျိုးသမီးတွေကို အဆင့်မြင့် ပညာရေးနဲ့ ကင်းကွာအောင် စနစ်တကျ အကွက်ချ ကြံစည်လာတာမျိုး ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်တွေမှာ ကျားမ ခွဲခြားပြီး သင်ကြားပို့ချဖို့ လုံလောက်တဲ့ အရင်းအမြစ်မျိုး စီစဉ်နိုင်ဖွယ် မရှိသေးတာကြောင့်ပါ။ ဟက်ကွာနီကတော့ တက္ကသိုလ်တွေမှာ အမျိုးသမီး ဆရာမတွေ ရှိနေပြီးသား ဖြစ်သလို အဆင်ပြေမယ့် တခြားနည်းတွေ အသုံးပြုဖို့လည်း ရည်ရွယ်ထားကြောင်း အာမခံခဲ့ပါတယ်။

အမျိုးသား ဆရာတွေ သင်ဖို့လိုရင် စာသင်ခန်းထဲက တိုက်ရိုက် မဟုတ်ဘဲ နည်းပညာ အသုံးပြုတာမျိုးတွေ ရှိကောင်း ရှိလာလိမ့်မယ်လို့ သူက ပြောပါတယ်။ ၂၀၀၁ ခုနှစ်မှာ အမေရိကန်က ဝင်ရောက်တိုက်ခိုက်ပြီး တာလီဘန် အစိုးရကို ဖယ်ရှားလိုက်ချိန် ကတည်းက အာဖဂန်ရဲ့ ပညာရေး ကဏ္ဍဟာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အမေရိကန် တပ်တွေ ပြန်လည် ထွက်ခွာသွားပြီး တာလီဘန်တွေ တကျော့ပြန် အုပ်စိုးလာချိန်မှာ နိုင်ငံရဲ့ ပညာရေး ကဏ္ဍအတွက် ရင်လေးစရာတွေ ကြုံတွေ့လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

Facebook