Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံရေး နယ်ပယ်က အနားယူတော့မယ်လို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး ကြေညာ

လာမယ့် ဖိလစ်ပိုင် ရွေးကောက်ပွဲမှာတော့ သမ္မတလောင်း နေရာအတွက် ဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာ ဒူတာတေး ကာပီရိုနဲ့ နာမည်ကျော် လက်ဝှေ့ ချန်ပီယံ မန်နီပက်ကွီအိုတို့ပါ ပါဝင်ယှဉ်ပြိုင်ဖို့ အားခဲနေကြောင်း သိရပါတယ်။

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက သူဟာ လက်ရှိ ရာထူးသက်တမ်း ကုန်ရင် နိုင်ငံရေး နယ်ပယ်ကနေ အနားယူတော့မယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ဖိလစ်ပိုင် ပြည်သူတွေရော၊ နိုင်ငံရေး အသိုက်အဝန်း အတွက်ပါ အံ့ဩစရာ ဖြစ်လာပါတယ်။ မူလက ဒူတာတေး အနေနဲ့ လာမယ့်နှစ် ရွေးကောက်ပွဲကျရင် ဒုတိယ သမ္မတလောင်း နေရာက ပါဝင် ယှဉ်ပြိုင်လိမ့်မယ်လို့ အများစုက ကျိန်းသေ ယူဆထားတာကြောင့်ပါ။

ဖိလစ်ပိုင် ဖွဲ့စည်းပုံ ဥပဒေတွေအရ သမ္မတ တစ်ဦးဟာ ၆ နှစ်သက်တမ်း နှစ်ကြိမ်ဆက် ထမ်းဆောင်ခွင့် မရှိပါဘူး။ ပြီးတော့ ဒုတိယ သမ္မတ နေရာကလည်း သမ္မတက ရွေးချယ်ရတာ မဟုတ်ဘဲ ရွေးကောက်ပွဲမှာ သီးခြား ယှဉ်ပြိုင်ရတာပါ။ ဒူတာတေးကို ပြည်တွင်းမှာ လူကြိုက်များနေဆဲ ဖြစ်တာကြောင့် ရွေးကောက်ပွဲမှာ ဒုတိယ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်စေဖို့ သူ့ရဲ့ ပါတီကလည်း လိုလားနေပါတယ်။

အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ဒူတာတေးဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေထဲမှာ ကျန်းမာရေး ပြဿနာ တချို့လည်း ကြုံခဲ့ရပါတယ်။ ဒုတိယ သမ္မတလောင်းအဖြစ် ပါဝင် ယှဉ်ပြိုင်ရင် ဖွဲ့စည်းပုံ ဥပဒေနဲ့ မညီညွတ်တဲ့ အပိုင်းတွေ ရှိလာမယ်လို့ ဝေဖန်နေတာတွေ ကြားရကြောင်း၊ သူ့အနေနဲ့ ပြည်သူတွေဆီက အကြံပြုချက်တွေကို နားထောင်မှာဖြစ်ပြီး နိုင်ငံရေး နယ်ပယ်ကနေ အနားယူတော့မယ့် ဆုံးဖြတ်ချက်ကို ကြေညာလိုက်ကြောင်း ဒူတာတေးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒူတာတေးဟာ ၂၀၁၆ ခုနှစ်မှာ သမ္မတ ဖြစ်လာကတည်းက ဖိလစ်ပိုင်က မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်ဂိုဏ်းတွေကို အကြမ်းတမ်းဆုံး နည်းလမ်းတွေ အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။ သူ့ရဲ့ မူဝါဒတွေက နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေအရ ဝေဖန်စရာ ဖြစ်ခဲ့ပေမယ့် ရာဇဝတ်မှုတွေ လျော့နည်းသွားတဲ့အတွက် ပြည်တွင်းမှာတော့ လူကြိုက်များခဲ့ပါတယ်။

လာမယ့် ဖိလစ်ပိုင် ရွေးကောက်ပွဲမှာတော့ သမ္မတလောင်း နေရာအတွက် ဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာ ဒူတာတေး ကာပီရိုနဲ့ နာမည်ကျော် လက်ဝှေ့ ချန်ပီယံ မန်နီပက်ကွီအိုတို့ပါ ပါဝင်ယှဉ်ပြိုင်ဖို့ အားခဲနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် အိန္ဒိယရဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုရဲ့ ဆန္ဒပြ ချီတက်ပွဲတွေကို ခဏတာ ဆိုင်းငံ့ထားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

သုံးသပ်ဆောင်းပါး

(အမေရိကန်အခြေစိုက် The Diplomat ၏ သုံးသပ်ချက်)