Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်မှာ အမေရိကန် ရေငုပ်သင်္ဘောနဲ့ အမျိုးအမည်မသိ အရာတစ်ခု ဝင်တိုက်

တရုတ်နဲ့ အမေရိကန်တို့ကြား တင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်မှာ အခုလို ကိစ္စမျိုး ကြုံလာတာပါ။ တရုတ်က ထိုင်ဝမ်ကျွန်း တဝိုက်ကို စစ်လေယာဉ်တွေ အလုံးအရင်း စေလွှတ်ပြီး အင်အားပြနေခြင်းကလည်း အခြေအနေတွေကို ပိုပြီး ဆိုးရွားလာစေပါတယ်။

အမေရိကန်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးဟာ တောင်တရုတ် ပင်လယ်ထဲမှာ ခုတ်မောင်းနေတုန်း အမျိုးအမည်မသိ အရာဝတ္ထု တစ်ခုနဲ့ ဝင်တိုက်မိခဲ့ကြောင်း သိရပါတယ်။

USS Connecticutဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တောင်တရုတ်ပင်လယ် ရေပြင်အောက်မှာ ခုတ်မောင်းနေတုန်း အခုဖြစ်ရပ်နဲ့ ကြုံခဲ့ပြီး ရေတပ်သား ၁၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရေတပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ရေငုပ်သင်္ဘောက ဘာနဲ့ ဝင်တိုက်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိသေးဘူးလို့ ဆိုပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ကြား တင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်မှာ အခုလို ကိစ္စမျိုး ကြုံလာတာပါ။ တရုတ်က ထိုင်ဝမ်ကျွန်း တဝိုက်ကို စစ်လေယာဉ်တွေ အလုံးအရင်း စေလွှတ်ပြီး အင်အားပြနေခြင်းကလည်း အခြေအနေတွေကို ပိုပြီး ဆိုးရွားလာစေပါတယ်။

ပြီးတော့ တရုတ် အစိုးရက တောင်တရုတ် ပင်လယ်ပြင် တစ်ခုလုံး နီးပါးကို နိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ထားတာကြောင့် ဒေသတွင်း နိုင်ငံတွေနဲ့လည်း အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ တောင်တရုတ် ပင်လယ်ထဲမှာ တရုတ် ရေတပ်နဲ့ လေတပ် လှုပ်ရှားမှုတွေကလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သိသိသာသာ မြင့်တက်လာပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာတော့ ကိုယ်ထည် ထိခိုက်မိထားတဲ့ ရေငုပ်သင်္ဘောဟာ အမေရိကန် တပ်တွေ ဖြန့်ကျက်ထားရာ ဂူအမ်ကျွန်းဆီ ဦးတည် ခုတ်မောင်းနေကြောင်း ရေတပ် အရာရှိတွေက ပြောပါတယ်။ အမျိုးအမည်မသိ အရာဝတ္ထု တစ်ခုနဲ့ တိုက်မိခဲ့ပေမယ့် USS Connecticutရဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုနဲ့ ဒလက်တွေက ထိခိုက်မှု မရှိခဲ့ဘဲ စွမ်းဆောင်ရည် ပုံမှန်အတိုင်း မောင်းနှင်နေနိုင်ဆဲလို့ ရေတပ်က ထုတ်ပြန်ပါတယ်။

တောင်တရုတ်ပင်လယ် နယ်နိမိတ် ပိုင်ဆိုင်ရေးနဲ့ ပတ်သက်လို့ တရုတ်ဟာ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့လို နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပြီး အမေရိကန်က အဲဒီ နိုင်ငံတွေဖက်က ထောက်ခံ ရပ်တည်ကြောင်း အတိအလင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။