Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်မှာ အမေရိကန် ရေငုပ်သင်္ဘောနဲ့ အမျိုးအမည်မသိ အရာတစ်ခု ဝင်တိုက်

တရုတ်နဲ့ အမေရိကန်တို့ကြား တင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်မှာ အခုလို ကိစ္စမျိုး ကြုံလာတာပါ။ တရုတ်က ထိုင်ဝမ်ကျွန်း တဝိုက်ကို စစ်လေယာဉ်တွေ အလုံးအရင်း စေလွှတ်ပြီး အင်အားပြနေခြင်းကလည်း အခြေအနေတွေကို ပိုပြီး ဆိုးရွားလာစေပါတယ်။

အမေရိကန်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးဟာ တောင်တရုတ် ပင်လယ်ထဲမှာ ခုတ်မောင်းနေတုန်း အမျိုးအမည်မသိ အရာဝတ္ထု တစ်ခုနဲ့ ဝင်တိုက်မိခဲ့ကြောင်း သိရပါတယ်။

USS Connecticutဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တောင်တရုတ်ပင်လယ် ရေပြင်အောက်မှာ ခုတ်မောင်းနေတုန်း အခုဖြစ်ရပ်နဲ့ ကြုံခဲ့ပြီး ရေတပ်သား ၁၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရေတပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ရေငုပ်သင်္ဘောက ဘာနဲ့ ဝင်တိုက်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိသေးဘူးလို့ ဆိုပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ကြား တင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်မှာ အခုလို ကိစ္စမျိုး ကြုံလာတာပါ။ တရုတ်က ထိုင်ဝမ်ကျွန်း တဝိုက်ကို စစ်လေယာဉ်တွေ အလုံးအရင်း စေလွှတ်ပြီး အင်အားပြနေခြင်းကလည်း အခြေအနေတွေကို ပိုပြီး ဆိုးရွားလာစေပါတယ်။

ပြီးတော့ တရုတ် အစိုးရက တောင်တရုတ် ပင်လယ်ပြင် တစ်ခုလုံး နီးပါးကို နိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ထားတာကြောင့် ဒေသတွင်း နိုင်ငံတွေနဲ့လည်း အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ တောင်တရုတ် ပင်လယ်ထဲမှာ တရုတ် ရေတပ်နဲ့ လေတပ် လှုပ်ရှားမှုတွေကလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သိသိသာသာ မြင့်တက်လာပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာတော့ ကိုယ်ထည် ထိခိုက်မိထားတဲ့ ရေငုပ်သင်္ဘောဟာ အမေရိကန် တပ်တွေ ဖြန့်ကျက်ထားရာ ဂူအမ်ကျွန်းဆီ ဦးတည် ခုတ်မောင်းနေကြောင်း ရေတပ် အရာရှိတွေက ပြောပါတယ်။ အမျိုးအမည်မသိ အရာဝတ္ထု တစ်ခုနဲ့ တိုက်မိခဲ့ပေမယ့် USS Connecticutရဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုနဲ့ ဒလက်တွေက ထိခိုက်မှု မရှိခဲ့ဘဲ စွမ်းဆောင်ရည် ပုံမှန်အတိုင်း မောင်းနှင်နေနိုင်ဆဲလို့ ရေတပ်က ထုတ်ပြန်ပါတယ်။

တောင်တရုတ်ပင်လယ် နယ်နိမိတ် ပိုင်ဆိုင်ရေးနဲ့ ပတ်သက်လို့ တရုတ်ဟာ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့လို နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပြီး အမေရိကန်က အဲဒီ နိုင်ငံတွေဖက်က ထောက်ခံ ရပ်တည်ကြောင်း အတိအလင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

Facebook