Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၁၀ နိုင်ငံ သံအမတ်တွေကို နှင်ထုတ်မယ့်ကိစ္စ တူရကီ ပြန်ရုပ်သိမ်း

အဲဒီ ပူးတွဲကြေညာချက်ရဲ့ နောက်ကွယ်မှာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရက အဓိက တွန်းအားပေးခဲ့တာလို့လည်း သိရပါတယ်။

အမေရိကန် အပါအဝင် နိုင်ငံ ၁၀ ခုက သံအမတ်ကြီးတွေကို နှင်ထုတ်မယ်လို့ ခြိမ်းခြောက်ထားတာကို တူရကီ အစိုးရက ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။

မူလက ၁၀ နိုင်ငံ သံအမတ်တွေဟာ လက်ရှိ အဖမ်းခံထားရတဲ့ တူရကီ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အော့စ်မန် ကာဗာလာကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အပေါ် သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်က အကြီးအကျယ် ဒေါသထွက်ပြီး သံအမတ်တွေကို တူရကီက မလိုလား၊ မကြိုဆိုသူတွေအဖြစ် ကြေညာခဲ့ပါတယ်။ ဒီစကားလုံးရဲ့ နောက်ဆက်တွဲ အနေနဲ့ သံအမတ်တွေ ပြည်နှင်ဒဏ် ပေးခံရနိုင်တဲ့ အခြေအနေမျိုး ရှိလာပါတယ်။

ဒါပေမဲ့ အဲဒီ ပြဿနာရဲ့ ဂယက်ရိုက်ခတ်မှုကြောင့် တူရကီရဲ့ လိုင်ယာငွေ တန်ဖိုးဟာ စံချိန်တင် ကျဆင်းသွားခဲ့သလို နောက်ထပ် စီးပွားရေး၊ နိုင်ငံရေး ပြဿနာတွေပါ ကြုံလာနိုင်သေးတယ်လို့ ပညာရှင်တွေ၊ သံရေးတမန်ရေး အရာရှိတွေက သတိပေးခဲ့ပါတယ်။

အောက်တိုဘာ ၂၅ ရက်မှာတော့ ၁၀ နိုင်ငံ သံရုံးတွေက သူတို့ဟာ ဗီယင်နာ ညီလာခံရဲ့ သံတမန် ဆက်ဆံရေးဆိုင်ရာ စည်းမျဉ်းတွေကို လေးစားလိုက်နာဆဲ ဖြစ်တယ်လို့ ကြေညာခဲ့ပြီး ဒီထုတ်ပြန်ချက်ကိုလည်း အာဒိုဝမ်က ကြိုဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံအလိုက် သံအမတ်ကြီးတွေဟာ ပုံမှန်အတိုင်း တူရကီမှာ ဆက်ရှိနေမယ်လို့ အာဒိုဝမ်က အတည်ပြုသွားပါတယ်။

Public Service Announcement

Public Service Announcement

တခြားနိုင်ငံတွေက သံတမန် အရာရှိတွေ အနေနဲ့ တူရကီရဲ့ အရေးကိစ္စတွေနဲ့ တရားစီရင်မှု တန်ဖိုးတွေကို ဝေဖန်မယ်ဆိုရင် ဒီထက်ပိုပြီး အလေးထား ဆင်ခြင်ဖို့ လိုလိမ့်မယ်လို့လည်း အာဒိုဝမ်က ဆိုပါတယ်။ အခု ဖြေရှင်းမှုဟာ တူရကီနဲ့ အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေကြား သံတမန်ရေးရာ ပေါက်ကွဲမှုမျိုးကို ရှောင်လွှဲလိုက်နိုင်တာလည်း ဖြစ်ပါတယ်။ တူရကီဟာ အရင်ကတည်းက NATO မဟာမိတ် အဖွဲ့ဝင်တွေနဲ့ ပြဿနာတွေ ရှိနေပါတယ်။ ကြေညာချက် ထုတ်ပြန်တဲ့ ၁၀ နိုင်ငံထဲမှာ ၇ နိုင်ငံက တူရကီရဲ့ NATO မဟာမိတ်တွေ ဖြစ်ပါတယ်။

ကာဗာလာဟာ တူရကီမှာ ထင်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ဘယ်လို ရာဇဝတ်မှု အတွက်မှာ ပြစ်မှုထင်ရှားကြောင်း စီရင်ချက် မချဘဲ ထိန်းသိမ်းခံထားရတာ ၂၀၁၇ ကတည်းကပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က ကာဗာလာ အဖမ်းခံရတဲ့ ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ ဖင်လန်၊ ဒိန်းမတ်၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင်၊ ကနေဒါနဲ့ နယူးဇီလန် ၁၀ နိုင်ငံ သံရုံးတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ကာဗာလာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ပူးတွဲကြေညာချက်ရဲ့ နောက်ကွယ်မှာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရက အဓိက တွန်းအားပေးခဲ့တာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တူရကီမှာ ၂ ရက်အတွင်း ဒုတိယမြောက် စာသင်ကျောင်း ပစ်ခတ်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး ၉ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲကာလအတွင်း အီရန်ဖက်က ပစ်ခတ်လိုက်တဲ့ စတုတ္ထမြောက် ဒုံးကျည်တစ်စင်းကို ကြားဖြတ် ပစ်ချခဲ့ရကြောင်း တူရကီက ပြောပါတယ်။

နိုင်ငံတကာ

ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ကြံစည်ထားသူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း တူရကီ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်း ဆိပ်ကမ်းတစ်ခုကို ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် တူရကီ ကူးတို့ရေယာဉ်ကြီးတစ်စီး အကြီးအကျယ် မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။