Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် ရွေးကောက်ပွဲမှာ သမီးဖြစ်သူနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရဖွယ် ရှိနေတဲ့ ဒူတာတေး

ဒူတာတေးရော၊ သူ့ရဲ့ သမီး ဆာရာ ဒူတာတေး ကာပီရိုတို့ပါ လာမယ့်နှစ်မှာ ဒုတိယ သမ္မတလောင်း နေရာအတွက် ယှဉ်ပြိုင်ကြလိမ့်မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဆာရာက ဒုတိယ သမ္မတ ရာထူးအတွက် ယှဉ်ပြိုင်ဖို့ မှတ်ပုံတင် စာရင်း သွင်းထားပြီးပါပြီ။

လာမယ့် ဖိလစ်ပိုင် ရွေးကောက်ပွဲမှာ သမ္မတ ရိုဒရီဂို ဒူတာတေးနဲ့ သမီးဖြစ်သူတို့ဟာ ပြိုင်ဘက်တွေအသွင် ထိပ်တိုက် တွေ့ဆုံလာဖွယ် ရှိနေပါတယ်။

ဒူတာတေးရော၊ သူ့ရဲ့ သမီး ဆာရာ ဒူတာတေး ကာပီရိုတို့ပါ လာမယ့်နှစ်မှာ ဒုတိယ သမ္မတလောင်း နေရာအတွက် ယှဉ်ပြိုင်ကြလိမ့်မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဆာရာက ဒုတိယ သမ္မတ ရာထူးအတွက် ယှဉ်ပြိုင်ဖို့ မှတ်ပုံတင် စာရင်း သွင်းထားပြီးပါပြီ။

သမ္မတ ဒူတာတေးကတော့ သူဟာ နိုင်ငံရေး နယ်ပယ်ကနေ အပြီးတိုင် အနားယူတော့မယ်လို့ ပြီးခဲ့တဲ့ လကမှ ကြေညာထားရာကနေ စိတ်ကူး ပြောင်းသွားဟန် ရှိပါတယ်။ ဒူတာတေးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ဒူတာတေး ဒုတိယ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် အစီအစဉ်တွေကို လာမယ့် သီတင်းပတ်မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒုတိယ သမ္မတကို သမ္မတက ခန့်အပ်ခွင့် မရှိဘဲ သီးခြား ရွေးကောက်ပွဲ ယှဉ်ပြိုင်ရပါတယ်။ ဒါကြောင့် ဖိလစ်ပိုင်ရဲ့ သမ္မတနဲ့ ဒုတိယ သမ္မတတို့ဟာ ပြိုင်ဘက် ပါတီတွေက ဖြစ်ချင် ဖြစ်နေနိုင်ပါတယ်။ ပြီးတော့ သမ္မတအဖြစ် ခြောက်နှစ်သက်တမ်း ရွေးကောက် ခံဖူးသူဟာ နောက်တစ်ကြိမ် သမ္မတ နေရာအတွက် ရွေးကောက်ပွဲ ဝင်ခွင့် မရှိပါဘူး။ ဒါကြောင့် ဒူတာတေးဟာ ဒုတိယ သမ္မတလောင်း နေရာမှာသာ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်မှာပါ။ ဒီအခြေအနေကတောင် ဖွဲ့စည်းပုံ ဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာဟာ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်ရဲ့ သားဖြစ်တဲ့ ဖာဒီနန် မားကို့စ် ဂျူနီယာရဲ့ ရွေးကောက်ပွဲ လက်တွဲဖော်အဖြစ် ယှဉ်ပြိုင်မှာပါ။ ဒူတာတေးရော၊ မားကို့စ် လက်ထက်မှာပါ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေ ရှိခဲ့တာကြောင့် သူတို့ရဲ့ မျိုးဆက်တွေဖြစ်တဲ့ အတွဲအစပ်ဟာ ဖိလစ်ပိုင် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကို စိုးရိမ်နေစေပါတယ်။

ဒူတာတေးဟာ သမ္မတ ဖြစ်လာချိန်မှာ ဖိလစ်ပိုင်ရဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းပြမယ်လို့ ကြွေးကြော်ပြီး မူးယစ်မှောင်ခို ဂိုဏ်းတွေအပေါ် စစ်ဆင်ရေးတွေ ခပ်ကြမ်းကြမ်း ဆင်နွှဲခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် မူးယစ်မှောင်ခို ဂိုဏ်းသားတွေအပြင် သာမန် မူးယစ်ဆေးဝါး သုံးစွဲသူတွေ အပါအဝင် လူပေါင်း ၆၀၀၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

လာမယ့် ဖိလစ်ပိုင် ရွေးကောက်ပွဲဟာ ဖအေနဲ့သမီး အားပြိုင်မှုအပြင် နောက်ထပ် ရှုပ်ထွေးမှုတွေလည်း ကြုံလာနိုင်ပါတယ်။ ကမ္ဘာကျော် လက်ဝှေ့ချန်ပီယံ မန်နီ ပက်ကွီအို၊ လက်ရှိ ဒုတိယ သမ္မတ လန်နီ ရိုဘရီဒို၊ မနီလာ မြို့တော်ဝန် ဖရန်ဆစ္စကို ဒိုမာဂိုဆိုနဲ့ လွှတ်တော်အမတ် ပန်ဖီလို လက်ဆွန်တို့လို ပုဂ္ဂိုလ်တွေကလည်း သမ္မတ ရာထူးကို ချိန်ရွယ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

Facebook