Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စျေးဝယ်စင်တာကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုလို့ ယူကရိန်း သမ္မတစွပ်စွဲ

စစ်ရေးပစ်မှတ် လုံးဝမဟုတ်တဲ့ စျေးဝယ်စင်တာကို တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာ ရှုတ်ချမှုတွေ ထွက်ပေါ်လာခဲ့ပြီး ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ဒါဟာ သေချာပေါက် စစ်ရာဇဝတ်မှုပဲလို့ စွပ်စွဲခဲ့ပါတယ်။

စျေးဝယ်စင်တာကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုလို့ ယူကရိန်း သမ္မတစွပ်စွဲ
စျေးဝယ်စင်တာကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုလို့ ယူကရိန်း သမ္မတစွပ်စွဲ

ယူကရိန်းက စျေးဝယ်စင်တာ တစ်ခုကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်တာလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ အကြမ်းဖက်သမားတစ်ယောက် ဖြစ်လာနေပြီး ကုလသမဂ္ဂ အနေနဲ့ ရုရှားကို လက်သင့်မခံဘဲ နှင်ထုတ်သင့်နေပြီလို့ ဇီလန်စကီးက ဆိုပါတယ်။ ဇွန်လ ၂၇ ရက်က ယူကရိန်း အလယ်ပိုင်းက ခရီမန်ချော့ခ်မြို့ကို ရုရှားက ဒုံးကျည်နဲ့ လှမ်းပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး အဆောက်အအုံ အပျက်အစီးပုံအောက်မှာ ပျောက်ဆုံးနေသူ ၃၆ ဦးကို ကယ်ဆယ်ရေးတွေက လိုက်လံ ရှာဖွေနေပါတယ်။

ပြိုကျ ပျက်စီးသွားတဲ့ စျေးဝယ်စင်တာ အနီးတဝိုက်မှာ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေက စိုးရိမ်တကြီး လာရောက် စုရုံးနေတာကိုလည်း တွေ့ရပါတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေက အရှေ့ဖျား ဒေသကနေ ဝင်ရောက်လာတဲ့ ရန်သူ့ဒုံးကျည်ဟာ လူစည်ကားနေတဲ့ စျေးဝယ်စင်တာကို ထိမှန်ခဲ့တာလို့ ပြောပါတယ်။ ခရီမန်ချော့ခ်မြို့ တည်ရှိရာ ဒီနီပရိုပက်ထရော့ဗ်စ်ခ် ဒေသဟာ လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ယူကရိန်း အရှေ့ပိုင်းရော၊ တောင်ပိုင်းနဲ့ပါ အတော်ကြီး အလှမ်းကွာဝေးတဲ့ နေရာမှာ ရှိနေတာပါ။

ဇီလန်စကီးက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို လိပ်မူပြီး ပြောကြားထားတဲ့ ဗီဒီယို မိန့်ခွန်းမှာ ရုရှား အစိုးရဟာ ဒီလို လက်မခံနိုင်စရာ စစ်ရာဇဝတ်မှုမျိုးကို ကျူးလွန်ခဲ့တဲ့အတွက် တရားမျှတမှုကို မဖြစ်မနေ ပေးဆပ်သင့်ကြောင်း ထောက်ပြထားပါတယ်။ ကုလသမဂ္ဂ အနေနဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ ရုရှားစစ်တပ်က ကျူးလွန်တယ် ဆိုတာကို တရားဝင် အတည်ပြုဖို့အတွက် ယူကရိန်းကို ကိုယ်စားလှယ် စေလွှတ်ပေးစေလိုကြောင်းလည်း တောင်းဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးပစ်မှတ် လုံးဝမဟုတ်တဲ့ စျေးဝယ်စင်တာကို တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာ ရှုတ်ချမှုတွေ ထွက်ပေါ်လာခဲ့ပြီး ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ဒါဟာ သေချာပေါက် စစ်ရာဇဝတ်မှုပဲလို့ စွပ်စွဲခဲ့ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ သူတို့ရဲ့ ဒုံးကျည်ဟာ ယူကရိန်းရဲ့ လက်နက်တိုက် တစ်ခုကိုသာ ထိမှန်ခဲ့တာဖြစ်ပြီး အဲဒီ ပေါက်ကွဲမှုကနေတဆင့် အနားမှာရှိတဲ့ စျေးဝယ်စင်တာကို မီးကူးစက်သွားတာလို့ ဖြေရှင်းထားပါတယ်။ ယူကရိန်း အစိုးရကတော့ စျေးဝယ်စင်တာ အနီးတဝိုက်မှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံ ဘာတစ်ခုမှ မရှိကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။